this site the web

743..ခေတ်ပေါ် ဒန်းဆိုးဆေး များကြောင့် သွေးကင်ဆာ ဖြစ်နိုင် ခြေမြင့်ဟု ဆရာဝန် များယူဆ(15.5.2010 )

 

အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံ မှ အမျိုးသမီး များကြား သွေး ကင်ဆာ ဖြစ်ပွားမှု မြင့်တက် နေရသည့် အဓိက အကြောင်းရင်း တစ်ခုမှာ ဒန်းဆိုး ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဆရာဝန် များက ယူဆ နေကြသည်။ ပင်လယ် ကွေ့ဒေသရှိ ချမ်းသာ ကြွယ်ဝသော နိုင်ငံ မှ အမျိုးသမီး များတွင် သွေး ကင်ဆာ ရောဂါ ဖြစ်ပွား မှုသည် အမျိုးသား များ ထက် (၂) ဆ မျှ မြင့်တက် နေပြီး အခြား ဒေသတွင်း နိုင်ငံများမှ အမျိုးသမီး များထက် (၆၃) ရာခိုင်နှုန်း ပိုများ နေကြောင်း အင်္ဂလိပ် ဘာသာဖြင့် ဖော်ပြ ထုတ်ဝေသည့် The National သတင်းစာ က ဖော်ပြ ထားသည်။ UAE တက္ကသိုလ် မှ သုတေသီ များသည် အမျိုးသမီး များ၏ သွေးကင်ဆာ ဖြစ်ပွားမှု (၂၆၃) ခု ကို လေ့လာမှု ပြုလုပ်ပြီးနောက် ဒန်းပင်မှ ပါရှိ သော ဓာတုပစ္စည်း တစ်ခု သည် ခန္ဓာ ကိုယ်တွင်းရှိ သွေးဖြူဥများကို ထိခိုက်စေသည့် အကြောင်းတရား တစ်ခု အဖြစ် သံသယ ၀င်လာကြသည်။ ထို့အပြင် နေရောင်ခြည် ရရှိမှု အလွန် နည်းပါးခြင်း သည်လည်း အခြား အကြောင်းရင်း တစ်ခု ဖြစ်နိုင် သည်ဟု ပညာရှင် များက ဆိုသည်။ UAE တက္ကသိုလ် မှ အထွေထွေ ပါမောက္ခ တစ်ဦးဖြစ်သူ ဒေါက်တာ အင်နမ်း ဟာဆန်က “ကျွန်တော် တော့ ဒီ ရလဒ် ကို နားမလည် နိုင်ဘူး။ တူညီတဲ့ ပတ်ဝန်းကျင် မှာ နေထိုင်ကြပေမယ့် ယောက်ျား နဲ့ မိန်းမ တွေကြား သွေးကင်ဆာ ဖြစ်နိုင်ခြေက အရမ်းကို ကွာနေ တာပါ။ သူတို့ အားလုံးက တူညီတဲ့ အစား အစာ တွေကို စား၊ တူညီတဲ့ လေကို ရှူနေကြ တာပဲ”ဟု ပြောကြား ခဲ့သည်။ “ကွာတဲ့ တစ်ချက် ကတော့ ယောက်ျား တွေက ဒန်းမဆိုး ဘူးလေ” ဟု ယင်းက ဆိုသည်။ The National သတင်းစာ၏ ဖော်ပြချက်အရ UAE တွင် ခေတ်စား နေသည့် ပိုမို ကြာရှည် ခံအောင် ပြုလုပ်ထားသော ခေတ်ပေါ် ဒန်းဆိုးဆေး များတွင် ဘန်ဇင်း ကဲ့သို့ အရောင် ပိုတောက်ပ စေသည့် ဓာတု ပစ္စည်း များ ထည့်ထား လေ့ရှိကြောင်း သိ ရှိရသည်။ ( Hikmah.info)

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ