this site the web

738.. အော်တာ နေးတစ် ဆေးပညာ..

 
Free Image Hosting
“အော်လ်တာနေးတစ်” ဆေးပညာ ကိုလည်း မမေ့ပါနှင့်

ရောဂါ အသစ်အဆန်းနှင့်ခေတ်ပေါ် ဆေးမတိုးသည့်ရောဂါများ သက်သာ ပျောက်ကင်း

အနောက်တိုင်း ဆေးပညာဖြင့် ကုသ၍ မပျောက်ကင်းသည့် ရောဂါများကို အခြား နည်းလမ်းဖြင့် ပြောင်းလဲကုသရန် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က တိုက်တွန်းခဲ့ ကြောင်း၊ အဆိုပါနည်းမှာ အော်လ်တာ နေးတစ် ဆေးပညာ (Alternative medicine) ဖြစ်ကြောင်း၊ စင်စစ် အဆိုပါ အော်လ်တာ နေးတစ် ဆေးပညာမှာ ရိုးရာ တိုင်းရင်းဆေး ပညာပင် ဖြစ်ကြောင်း၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ တိုက်တွန်း အားပေးချက် အရလည်း ကောင်း၊ ရိုးရာ တိုင်းရင်း ဆေး ပညာ ထွန်းကား သည့် နိုင်ငံ အစိုးရများ ၏အားပေးမှု ကြောင့် လည်းကောင်း တိုင်းရင်းဆေး ပညာရပ်သည် ခေတ်မီ ဆန်းသစ်ကာ ကမ္ဘာ၌ ပိုမိုဖွံ့ဖြိုးတိုး တက် ထွန်းကား ကျယ်ပြန့် လာကြောင်း၊ ယခု အခါ ကမ္ဘာ၌ တိုင်းရင်း ဆေးပညာဖြင့် ရောဂါ ကြီးများကို လည်း ကုသ သက်သာပျောက် ကင်းသည့် အကျိုးများ ခံစား နေကြရပြီ ဖြစ် ကြောင်း သိရသည်။

ဒေါ်လာ ၁ဒသမ ၃၆ဘီလျံ

ဒီဇင်ဘာ ၁၂ရက်က “မလေးရှား နိုင်ငံ ၏ တိုင်းရင်းဆေး တင်ပို့ ရောင်းချမှု အမေရိ ကန်ဒေါ်လာ တစ်ဘီလျံကျော် ရရှိရန် မျှော် မှန်း” အင်တာနက် သတင်းတစ်ပုဒ်ကို ဖတ် လိုက် ရသည်။ မလေးရှား နိုင်ငံ၏ ဆေးဖက် ၀င်ပစ္စည်းများနှင့် တိုင်းရင်းဆေးတင်ပို့ ရောင်းချရမှုသည် ၂၀၀၅ ခုနှစ်၌ အမေရိကန် ဒေါ်လာ ၈၄၂ သန်း ရရှိရာမှ ၂၀၁၀ ပြည့်နှစ် အရောက် တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆ဘီလျံ ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

ကုန်သွယ်ရေး

ကမ္ဘာလုံး ဆိုင်ရာ ဆေးဖက်ဝင် ပစ္စည်းများနှင့် တိုင်းရင်းဆေးများ ကုန်သွယ်ရေး လုပ်ငန်းသည် ပိုမိုအ လားအလာ ကောင်းလာကြောင်း သ တင်းများက ဖော်ပြသည်။

အခြေခံစောင့်ရှောက်မှု

အာဖရိက၊ အာရှနှင့်လက်တင် အမေရိကနိုင်ငံများသည် တိုင်းရင်း ဆေးကို အခြေခံ ကျန်းမာရေးစောင့် ရှောက်မှု လိုအပ်ချက်အဖြစ် အသုံး ပြုလျက်ရှိကြသည်။ အာဖရိကတွင် လူဦးရေ ရာခိုင်နှုန်း ၈၀ အထိအသုံး ပြုကြောင်း သိရသည်။

စက်မှုနိုင်ငံများ

တိုင်းရင်းဆေး ပညာ အားကိုး အသုံးချမှုတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ လူဦးရေ အများစု ဖြစ်သည့်အပြင် စက် မှု ထွန်းကားသည့် နိုင်ငံများတွင်လည်း ကျယ်ပြန့် လျက်ရှိနေကြောင်း သိရ သည်။

သုတေသနပြုချက်

အော်လ်တာနေးတစ် ဆေး သို့ မဟုတ် တိုင်းရင်းဆေး အသုံးပြုမှုနှင့် စပ်လျဉ်း၍ လေ့လာ သုတေသနပြု ချက်အရ သိရသည်မှာ-

-တရုတ်ပြည် တွင် ဆေးဝါးကု သမှုအားလုံး ၏ရာခိုင်နှုန်း ၃၀ မှ ရာ ခိုင်နှုန်း ၅၀ အထိ တိုင်းရင်းဆေးကို အသုံးပြု ကြသည်။

-ဂါနာ၊ မာလီ၊ နိုင်ဂျီးရီးယားနှင့် ဇင်ဘာဘွေနိုင်ငံများတွင် ကလေးသူ ငယ် ရာခိုင်နှုန်း ၆၀ အထိ တိုင်းရင်း ဆေးကို ဦးစားပေး အသုံးပြုကြသည်။

-ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်း ချက်အရ အာဖရိက နိုင်ငံအ တော် များများသည် သားဖွားရာတွင် ရိုးရာ သားဖွားနည်းကို အသုံးပြု ကြောင်း သိရသည်။

-ဥရောပ၊ မြောက် အမေရိက နှင့် အခြား စက်မှုဒေသများတွင် လူ ဦးရေ၏ ရာခိုင်နှုန်း ၅၀ သည် တိုင်း ရင်းဆေးကို တစ်ကြိမ်တော့ အနည်း ဆုံး အသုံးပြုဖူး ကြောင်း သိရသည်။

- ဆန်ဖရန်စစ္စကို၊ လန်ဒန်နှင့် တောင် အာဖရိက တွင် HIV/AIDS ရောဂါသည် ၇၅ ရာခိုင်နှုန်းသည် တိုင်းရင်းဆေး ဖြင့်လည်း ကုသမှုခံ ယူ ကြကြောင်း သိရသည်။

- ကနေဒါနိုင်ငံ၏ လူဦးရေရာ ခိုင်နှုန်း ၇၀ သည် တိုင်းရင်းဆေး ကို အနည်းဆုံး တစ်ကြိမ် သုံးဖူးကြောင်း သိရသည်။

- ဂျာမနီ နိုင်ငံတွင် လူဦးရေရာ ခိုင်နှုန်း ၉၀ သည် ဘ၀တစ်သက် တာ ကျန်းမာရေး အတွက် သဘာဝ တိုင်းရင်းဆေး ကို အသုံးပြုကြောင်း သိရသည်။

- ၁၉၉၅ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ် အတွင်း သဘာဝ တိုင်းရင်းဆေး ပညာ လိုက်စား သင်တန်းဆင်း သည့်ဆရာ ၀န်အရေ အတွက် နှစ်ဆ (၁၀, ၈၀၀) ဦးရေ အထိ တိုးပွား သွားကြောင်း သိ ရသည်။

- အနောက်တိုင်း ခေတ်မီဆေး ၀ါး ၂၅ ရာခိုင်နှုန်းသည် တိုင်းရင်း ဆေး အသုံးပြုသည့် အပင်များကို အ သုံးပြု ထားကြောင်း သိရသည်။

အာဆီယံဒေသ

တိုင်းရင်းဆေး လှုပ်ရှားမှုနှင့်စပ် လျဉ်း၍ အာဆီယံ ဒေသတွင်းအခြေ အနေမှာ-

- အာဆီယံ ပရဆေးနှင့် ဆေး ဖက်ဝင်အပင် ကျွမ်းကျင် သူများ၏ တတိယအကြိမ် အစည်းအဝေးနှင့် သစ်တောထွက် ပစ္စည်း သုတေသန နှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ အာဆီယံကျွမ်း ကျင် သူများ၏ ဒုတိယအကြိမ် အစည်း အဝေးကို ၂၀၀၀ ပြည့်နှစ်၊ ဇူလိုင် ၅ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟို တယ်၌ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် ပထမအကြိမ် လက်ခံကျင်းပ ခဲ့သည်။

ပူးပေါင်းဆောင်ရွက်ရေး

၁၉၉၉ ခုနှစ်၊ ဇူလိုင်တွင် အင် ဒိုနီးရှားနိုင်ငံ၊ ဆိုလာမြို့တွင် ကျင်း ပခဲ့သော ဆေးဖက်ဝင် ပရဆေးပင် များနှင့် ပတ်သက်၍ အာဆီယံနိုင်ငံ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေး အတွက် စီမံချက်ဖြစ်သော ၁၉၉၉- ၂၀၀၄ ကိုရေးဆွဲ၍ ၁၉၉၉ ခုနှစ်၊ ဇူလိုင် ၂၉ ရက်မှ ၃၁ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပ ခဲ့သော ဒုတိယ အကြိမ်မြောက် အာဆီယံ သစ်တောဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် တင်ပြ အတည်ပြုချက် ရယူခဲ့သည်။

ကျင်းပခဲ့

အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဆေးဖက်ဝင် ပရဆေးပင်များ၊ ကျွမ်း ကျင်သူများ ပါဝင်သော အဖွဲ့အစည်း များ၏ အစည်းအဝေး များကို ၁၉၉၈ ခုနှစ်က မလေးရှားတွင်လည်းကောင်း၊ ၁၉၉၉ ခုနှစ်က အင်ဒိုနီးရှား တွင် လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်က မြန်မာနိုင်ငံတွင် လည်းကောင်း ကျင်း ပခဲ့သည်။

သုတေသီများ

အာဆီယံတိုင်းပြည်များမှ ဆေး ဖက်ဝင်ပရဆေးပင်များ ပေါကြွယ်ဝ မှုကြောင့် ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ နယ်သာလန်၊ သြစကြေးလျ၊ ဂျာမနီ၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ ယူကေ၊ အ မေရိကန်တို့မှ သုတေ သီများက သု တေသန ပြုဖော်ထုတ်၍ လူသားအ ကျိုးပြုဆေး ဖော်ထုတ်ရန် ကြိုးစားနေ ကြကြောင်း သိရသည်။

ထုတ်လုပ်မှုအများဆုံး အသုံးဆုံး

တရုတ် နိုင်ငံသည် တိုင်းရင်း ဆေး အမျိုးပေါင်း ၈၀၀ ကျော်ထုတ် လုပ်လျက်ရှိပြီး ကမ္ဘာတွင် တိုင်း ရင်းဆေးဝါး အများဆုံး ထုတ်လုပ် သည့် နိုင်ငံ ဖြစ်သည့်အပြင် တိုင်းရင်း ဆေးဝါး အများဆုံးသုံးစွဲသည့် နိုင်ငံ လည်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း၊ အန် ယိုးပြည်နယ်၊ ၀ုယူလိဝ ဆေးဝါးဆိုင် ရာ သိပ္ပံနည်းပညာ ဥယျာဉ်၌ အာရှ တိုက်၏ အကြီးကျယ်ဆုံး တိုင်းရင်း ဆေးဝါး ထုတ်လုပ်ရေး စက်ရုံကြီးကို တည်ဆောက် ထားသည်။

ထိုင်းသုံးစွဲခွင့်ပြု

ထိုင်းနိုင်ငံ သည် အမျိုးသား ဆေးဝါးစာရင်းတွင် တိုင်းရင်းဆေး ၀ါးများကို ထည့်သွင်း ထားပြီး ခေတ် မီဆေးရုံများ တွင် သုံးစွဲခွင့်ပြုထား ကြောင်း သိရသည်။

မြန်မာနိုင်ငံ

မြန်မာနိုင်ငံ၏ တိုင်းရင်းဆေး လောကသည် လည်း ရှေ့တန်းရောက် လာပြီးဖွံ့ဖြိုး တိုးတက်နေပြီဖြစ်သည်။ ပြည်သူ အများ ပိုမို ယုံကြည်အားကိုး လာကြပြီဖြစ်သည်။

တိုင်းရင်းဆေး သည် ငွေကုန် ကြေးကျ မများ။ လူတိုင်း ကုသနိုင် သည်။

ဆေးမတိုးရောဂါ

မျက်မှောက် ကာလ ကမ္ဘာတစ် ၀န်းလုံး၌ လူနေမှု ဘ၀ဟန် များနှင့်အ စားအသောက်၊ အနေအထိုင်များ ပြောင်းလဲ လာခြင်းကြောင့် ရောဂါ အသစ် အဆန်းများတစ်မျိုးပြီးတစ် မျိုးပေါ်ပေါက် လျက်ရှိပြီး တချို့ရော ဂါများဆိုလျှင် ခေတ်ပေါ် ဆေးများ မတိုးတော့သည့် အခြေအနေအထိ ရောက်ရှိလာသည်။

ထိုကဲ့သို့ အခြေအနေ၌ ခေတ် ပေါ်ဆေးပညာနှင့် မြန်မာ့တိုင်းရင်း ဆေးပညာ ပေါင်းစပ်ယှဉ်တွဲကုသ ပေးသည့် နည်းလမ်းသည် အကျိုးဖြစ် ထွန်းကြောင်း သိရသည်။

ဖြေရှင်းနိုင်

ယခုကဲ့သို့ ပေါင်းစပ် ကုသမှု စနစ်၏ အကျိုးကျေးဇူးကြောင့် တီ ဘီ၊ HIV ၊ ငှက်ဖျား၊ ဆီးချို၊ သွေးတိုး၊ ၀မ်းလျှော ၀မ်းပျက်နှင့် ၀မ်းကိုက် ဆို သည့် မြန်မာနိုင်ငံ၏ အဓိက ကျန်း မာရေး ပြဿနာများကို ဖြေရှင်းနိုင် သည်ကို တွေ့မြင်နေကြရပြီ ဖြစ်ကြောင်း သိရသည်။

ဖွံ့ဖြိုးတိုးတက်မှု

ဆယ်စုနှစ် တစ်ခုအတွင်း မြန် မာ့ တိုင်းရင်းဆေး ပညာ ဖွံ့ဖြိုးတိုး တက်မှုများကို လေ့လာလျှင် မြန် မာ့ တိုင်းရင်း ဆေးသမားတော်များ ညီ လာခံများကို ယခုနှစ်တွင် ၁၀ ကြိမ် မြောက် အထိ ကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။ ၂၀၀၁ ခုနှစ်က နိုင်ငံတကာ အဆင့်မီ တိုင်းရင်းဆေး တက္ကသိုလ်ကို တည် ထောင် ဖွင့်လှစ် သင်ကြားနိုင်ခဲ့သည်။

၂၀၀၂ ခုနှစ်တွင် မြန်မာနိုင်ငံ တိုင်းရင်း ဆေးဆရာ အသင်းကြီးကို ဖွဲ့စည်း ထူထောင်နိုင်ခဲ့သည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ် အထိ ရန်ကုန်နှင့် မန္တလေးမြို့များ၌ တိုင်းရင်း ဆေးဆရာ တစ်နှစ်သင် တန်းများ ငါးနှစ်တိုင်တိုင် စဉ်ဆက် မပြတ် ဖွင့်လှစ် သင်ကြားပို့ချနိုင်ခဲ့ သကဲ့သို့ ၂၀၀၅ နှင့် ၂၀၀၆ ခုနှစ် များတွင် ကောင်းမွန် သော တိုင်းရင်း ဆေးဝါးထုတ်လုပ်မှု နည်းပညာသင် တန်းများ၊ တိုင်းရင်းဆေးပညာရပ် တိုးတက်ရေး ဆိုင်ရာဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများ ကျင်းပနိုင်ခဲ့ ကြောင်း သိရသည်။

အကျိုး ရလဒ်ကောင်းများ

၂၀၀၇ ခုနှစ်တွင် အရေးပေါ် အိမ်သုံး မြန်မာ့ တိုင်းရင်းဆေး သေတ္တာ စီမံချက် စတင် အကောင်အထည် ဖော်နိုင်မှု၊ ၂၀၀၈ ခုနှစ်တွင် အမျိုး သား ပရဆေး ဥယျာဉ် အပါအ၀င် ပရ ဆေးဥယျာဉ်များ တစ်နိုင်ငံလုံးဖြန့် ကြက်ပြီး စိုက်ပျိုးနိုင်မှု၊ ၂၀၀၉ ခုနှစ် အထိ ပြည်နယ် နှင့်တိုင်း အသီးသီး၌ တိုင်းရင်းဆေးရုံ ၁၄ ရုံ၊ တိုင်းရင်း ဆေးကုဌာန ၂၃၇ ခုအထိ တိုးမြှင့် ဖွင့်လှစ် နိုင်မှုစသည့် ကြိုးပမ်းဆောင် ရွက်မှုများကြောင့် ယခုအခါတွင် ပြည်သူများ အတွင်း တိုင်းရင်းဆေး ပညာဖြင့် စောင့်ရှောက်နိုင်မှု အကျိုး ရလဒ် ကောင်းများ ပီပီပြင်ပြင် ဖြစ် ထွန်း နေပြီဖြစ်ကြောင်း သိရသည်။

ဆေးဆရာ ၆,၄၄၂ ဦး

မြန်မာ့ တိုင်းရင်း ဆေးပညာစနစ် တကျ ထွန်းကားရေးတွင် အဓိက လိုအပ်ချက် တစ်ရပ်ဖြစ်သော မြန်မာ့ တိုင်းရင်းဆေးပညာရှင် လူ့စွမ်းအား အရင်းအမြစ်များကို သင်ကြားလေ့ ကျင့်ပေးလျက်ရှိရာ၌ တစ်နိုင်ငံလုံး အတိုင်း အတာ အနေဖြင့် တိုင်းရင်း ဆေးပညာ ဒီပလိုမာ၊ မြန်မာ့တိုင်းရင်း ဆေးပညာဘွဲ့၊ တစ်နှစ်သင်တန်း ဆင်း တိုင်းရင်းဆေးဆရာ နှင့် အခြား မှတ်ပုံတင် တိုင်းရင်းဆေးဆရာ ပေါင်း ၆,၄၄၂ ဦး မွေးထုတ် ပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ တိုင်းရင်း ဆေးပညာကို နိုင်ငံတကာက လက်ခံရေးနှင့် ပြည် သူများ ပိုမိုယုံကြည် အားကိုးလာရေး ကို ဆက်လက် ကြိုးပမ်းကြရဦးမည်။

source:myanmarpost

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ