this site the web

737.. အသားအရေ အလွန်လှပစေတဲ့ ပဲလွန်းဝက်ခေါက် ဟင်းချိုပြုတ်နည်း

 
အသားအရေ လှပစေတဲ့ ပဲလွန်းဝက်ခေါက် ဟင်းချိုပြုတ်နည်း
ပါဝင်သော ပစ္စည်းများ
လိမ္မော်ခွံအခြောက် တစ်ကျပ်သား
ဆီးချိုသီးအခြောက် ခြောက်လုံး
ပဲလွန်း ၁၀ကျပ်သား
ဝက်ခေါက် ၁၈ ကျပ်ခွဲသား
ချင်းထူထူ တစ်ပြား
ဆား သင့်ရုံ

ချက်ပြုတ်နည်း
- ၀က်ခေါက် အတွင်းဘက်ကို အဆီကုန်စင်အောင်လွှာပါ။ ၀က်ခေါက်ပေါ်ရှိ အမွှေးများ ကုန်စင်အောင် နုတ်ပစ်ပါ။ သေချာရေဆေးပြီး တစ်လက်မခွဲ အရွယ်လှီးပါ။
- လိမ္မော်ခွံအခြောက်ကို ရေဆေးပြီး ၀က်ခေါက်ထဲ ရောထည့်ပါ။ (မှတ်ချက်။ စားပြီး လိမ္မော်သီး အခွံများကို ရေစင် အောင်ဆေး၊ အတွင်းဘက်အဖြူသားများကို ဓားပါးပါးနဲ့လွှာပစ်ပြီး နေလှန်း သိမ်းထားပါ။ ဒါမှမဟုတ် တရုတ် ပရဆေးဆိုင် မှာ ၀ယ်ယူပါ။)
- ဆီးသီးခြောက်ကို ရေစင်စင်ဆေးပြီး အစေ့ထုတ်ပစ်ပါ။ဈေးထဲမှာဝယ်လို့ရတဲ့ ယိုးဒယားဆီးသီး မှည့်အခြောက်များ သုံးနိုင်ပါတယ်။တရုတ် ပရဆေးဆိုင်မှာဝယ်ရင် သိပ်ဈေးကြီးပါတယ်။ တရုတ်ဆေးဖက်ဝင် ဆီးသီးဖြစ်ပါတယ်။
- ချင်းထူထူတစ်ပြားလှီးပြီး ရေစင်စင်ဆေး၊ ၀က်ခေါက်ထဲရောထည့်ပါ။
- ပါဝင်တဲ့ပစ္စည်းအားလုံးကို မြေအိုးထဲထည့်ပါ။ ဆေးဖက်ဝင်ဟင်းချိုပြုတ်တဲ့အခါ မြေအိုးနဲ့ပြုတ်တာ အကောင်း ဆုံးဖြစ်ပါတယ်။ ပါဝင် ပစ္စည်းတွေအားလုံးရေမြှုပ်အောင်ထည့်ပါ။
- ရေဆူအောင်တည်ပါ။ ရေဆူတာနဲ့မီးကို အနိမ့်ဆုံးအထိချက်ချင်းလျှော့ချပါ။ မီးမျှဉ်းမျှဉ်းနဲ့ နှစ်နာရီကြာအောင် ပြုတ်ပါ။ (မှတ်ချက်။ မီးမပြင်းပါစေနဲ့၊ မင်းမျှဉ်းမျှဉ်းနဲ့ ကြာကြာပြုတ်တာဟာ ဆေးဖက်ဝင်ပစ္စည်းတွေ တစိမ့်စိမ့်ထွက်စေ ပါတယ်။ နောက်ပြီးဆေးပစ္စည်းတွေ ဓာတ်မပျက်စေပါဘူး)

အကျိုးအာနိသင်
ဝက်ခေါက်ထဲမှာ အရေပြားကို အကျိုးပြုတဲ့ collagen (ပရိုတိန်း) အများအပြားပါဝင်တဲ့ အပြင် အရေပြားကိုပျော့ပျောင်း တင်းရင်း စေတဲ့ elastin (ပရိုတိန်း) လည်းပါဝင်ပါတယ်။ ဒါကြောင့်အရေပြားဆဲလ်တွေ အိုစာမှုကိုနှေးကွေးစေတယ်။ ပဲလွန်းမှာလည်း ပရိုတင်းတွေ သံဓာတ်တွေပေါကြွယ်ဝတဲ့အတွက် အစာအိမ်တို့ ဘေတို့ကိုအကျိုးပြုပြီး သွေးလည်ပတ် စီးဆင်းမှုကို သွက်လက်စေတယ်။ အဲဒီဝက်ခေါက် ပဲလွန်း ဟင်းချို မကြာခဏသောက်ပေးရင် အသားအရေပျော့ပျောင်း နူးညံ့နီမြန်း နေပြီး ရွှန်းပတင့်ဆန်းနေပေလိမ့်မယ်။

source:မောင်မောင်လှိုင် (အပ်စိုက်ကု )

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ