this site the web

736..ဟောလိဝုဒ်စတား မင်းသမီးချော ဘရစ်တနီမာဖီ ကွယ်လွန်ရှာ..

 


Brittany Murphy



Clueless နှင့် 8 Mile ကဲ့သို့သော ဇာတ်ကားများ ရိုက်ကူးခဲ့ပြီး လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သူ ဘရစ်တနီမာဖီ (၃၂နှစ်) သည် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် လော့အိန်ဂျလိစ်မြို့၌ ကွယ်လွန်သွားကြောင်း သိရသည်။ ဘီဗာလီဟေးအနီးရှိ စီဒါစီနိုင်းဆေးရုံက သူသေဆုံး ကြောင်း ဒေသစံတော်ချိန် နံနက် ၁၀း၀၄ နာရီတွင် ကြေညာခဲ့သည်။ မာဖီသည် သူ၏ ခင်ပွန်းဖြစ်သူနှင့်အတူ နေထိုင်သော အနောက်ဟော လိဝုဒ်ရှိ နေအိမ်တွင် နှလုံးခုန်ရပ်သွားပြီးနောက်မှ သူ့ကို ဆေးရုံသို့ သယ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ လော့စ်အိန်ဂျလိစ် မီးသတ်ဌာနက ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီတွင် မာဖီ၏ ခင်ပွန်းဖြစ်သူက အရေးပေါ် ဆက်သွယ်မှု ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ လွတ်လွတ် လပ်လပ် နေထိုင်တတ်သူ မာဖီသည် Just Married ၊ Don’t Say a Word ၊ Riding in Care with Boy အစရှိသော ရုပ်ရှင်ကားများ အပါအ ဝင် ရုပ်ရှင်ဇာတ်ကားပေါင်း များစွာ၌ ပါဝင်သရုပ်ဆောင်ခဲ့သည်။ လော့စ်အိမ်ဂျလိစ် ရဲတပ်ဖွဲ့က မာဖီသေဆုံးမှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ် နေဆဲဖြစ်ကြောင်း သိရသည်။

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ