this site the web

735..ကမ္ဘာပေါ်မှ ငရဲဘုံ

 

ဂွာတီနာမို အကျဉ်းထောင်သည် ကမ္ဘာမြေပေါ် ရောက်နေသည့် ငရဲဘုံပင်ဖြစ်ကြောင်း အကျဉ်းသားဟောင်း တစ်ဦးက ပြောကြားခဲ့သည်။ မိုဟာမက် ဆာလီဘန်ဘာရီက ကျူးဘားနိုင်ငံ၊ ဂွာတီနာမို ပင်လယ်ကွေ့ရှိ အကျဉ်း ထောင်ကြီးသည် ရက်စက်ကြမ်းကြုတ်မှု အစုစုတို့ ပေါင်းဆုံနေရာ ငရဲခန်းကြီးဖြစ်ကြောင်း AFP သတင်းဌာနနှင့် ဒီဇင်ဘာ (၂၂)ရက်နေ့ အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ဆိုမာလီယာနိုင်ငံ၊

ဟာဂီဆာတွင် နေထိုင်သည့် ဘာရီက “အဲဒီက လွတ်လာပြီး ကတည်းက ပုံမှန်အခြေအနေ ဖြစ်လာပြီလို့ ကိုယ့်ကိုယ်ကိုယ် မခံစားနိုင်သေးဘူး။ ဒီလိုစုတ်ပြတ် ယုတ်ညံ့တဲ့ နေရာက ကယ်တင်ပေးခဲ့ပြီး အသက်ရှင်လျက် လွတ်မြောက်လာနိုင်တဲ့အတွက် အလ္လာအရှင်မြတ်ကို ကျေးဇူးတင်မိပါတယ်” ဟုဆို သည်။ အခြားသော အကျဉ်းသားများမှာမူ စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်နာကျင်မှုများ ရှိနေကြောင်း အသက်(၄၄)နှစ် အရွယ် ဘာရီက ပြောပြသွားသည်။ ဘာရီနှင့် အသက် (၄၅)နှစ်အရွယ် အော့စ်မေးလ် မိုဟာမက်အာရယ်လ်တို့မှာ နိုင်ငံ တကာ ကြက်ခြေနီတပ်ဖွဲ့၏ အကူအညီဖြင့် ဆွေမျိုးများထံသို့ ကောင်းမွန်စွာ ပြန်ရောက်ခဲ့ပြီဖြစ်သည်။ အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၏ ယင်း နာမည်ကျော် အကျဉ်းထောင်ကြီး ပိတ်သိမ်းရေး စီမံကိန်းကို ဖော်ဆောင်လိုက်ပြီးနောက် သမ္မတဟောင်း ဂျော့ဘုရှ်လက်ထက် အဖမ်းခံထားရသည့် အကျဉ်းသားများအား သက်ဆိုင်ရာ မိခင်နိုင်ငံများသို့ ပြန် လည် ပို့ဆောင်ခဲ့သလို အချို့ကိုလည်း အမေရိကန်နှင့် မဟာမိတ်နိုင်ငံများတွင် လွှဲပြောင်းထိန်းသိမ်းခဲ့သည်။ ဘာရီက “ထောင်ထဲမှာ (၈)နှစ်နဲ့ (၂)လကြာအောင် နေခဲ့ရတယ်။ တကယ်တော့ ကျွန်တော့်မှာ မသင်္ကာမှုကလွဲပြီး ဘာအပြစ်မှ မရှိပါဘူး”ဟု ရှင်းပြခဲ့သည်။ အမေရိကန်သည် ထောင်ကြီးအတွင်း အကြမ်းဖက်သမားဟု ယူဆရသူ ရာဂဏန်းမျှအား ဖမ်းဆီးထိန်းသိမ်းထားပြီး ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဆက်ဆံခဲ့သည်။ ထိုကိစ္စအတွက် အမေရိကန် လူ့အခွင့်အရေး အဖွဲ့များက တွင်တွင်ကျယ်ကျယ် အရေးဆိုခဲ့သော်လည်း သမ္မတဘုရှ် အစိုးရက မျက်ကွယ်ပြုထားခဲ့သည်။ ဘာရီသည် ယခုနှစ်အတွင်း အမေရိကန်က လွှတ်ပေးလိုက်သည့် ဆိုမာလီယာ၊ ယီမင်၊ အာဖဂန်နစ္စတန်နိုင်ငံ အကျဉ်းသားများအနက် တစ်ဦးအပါအ၀င်ဖြစ်သည်။ ဘာရီက အကျဉ်းသားများအနေနှင့် အိပ်ရေး၀၀ အိပ်စက်ခွင့် မရသလို အများအားဖြင့် ဘီစကွတ်မုန့်များသာ ပါဝင်သည့် တစ်နပ်စာ ရိက္ခာကိုသာ နေ့စဉ်စားသောက်ရကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန် အာဏာပိုင်များသည် မည်သည့်အတွက်ကြောင့် ၎င်းအား ဖမ်းဆီးထားသည်ဆိုခြင်းကို လုံးဝပြောဆိုခြင်းမရှိဟု ဘာရီကဆိုသည်။ “ဘယ်လိုပဲဖြစ်ဖြစ်၊ အလ္လာအရှင်မြတ်ရဲ့ ကျေးဇူးတော်ကြောင့် ခုချိန်မှာ ကျွန်တော့်မွေးရပ်မြေကို ပြန် ရောက်လာပါပြီ။ ဒီလိုငရဲခန်းက လွတ်မြောက်လာတဲ့အတွက် ဘာသာတရားအပေါ် ပိုပြီးယုံကြည်လာမိပါတယ်”ဟု ဘာရီက AFP သို့ ပြောပြ သွားခဲ့ သည်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ