this site the web

719..Web Hosting ဆိုသည်မှာနှင့်ရယူပုံရယူနည်းများ

 
Website တစ်ခုတင်ဖို့က
Domain Name

တစ်ခုရယူပြီးရင် Hosting လိုပါမည်...
Web Hosting ဆိုတာ တော်တော် များများကတော့ သိပြီးသား ထင်ပါတယ်။
အင်တာနက်မှာ ကိုယ့် Web site တင်ဖို့ ဆိုတာ တစ်ယောက်ယောက်က host လုပ်မှပါ။ ဒီလို host လုပ်ဖို့  hosting provider လိုပါတယ်။ Hosting provider ဆိုတာက web hosting service ပါပဲ။ Internet နဲ့  တောက်ရှောက် ချိတ်ထားတဲ့ computer server တွေ ရှိပါတယ်။ web site အတွက် ပရိုဂရမ်တွေ ရှိပါတယ်။ အားလုံး အဆင်သင့် ပါ။ ဒါကို host လုပ်တဲ့ company က ဈေးနှုန်း သတ်မှတ်ပြီး ရောင်းပါတယ်။ website တင်ချင်တဲ့ လူက ဒါကိုဝယ်ပြီး web site တင်တာပါ။ hosting company က ဆာဗာ ကို ပုံမှန် အလုပ်လုပ်အောင် တာဝန်ယူ ပါတယ်။

Web hosting provider တိုင်းက ကိုယ်ပိုင် ဆာဗာ မရှိပါဘူး။ အများအားဖြင့် တစ်ခြား company တစ်ခုက ပိုင်တဲ့ ဆာဗာကို ငှားသုံးတာပါ။ ဆာဗာတွေ ချည်း ငှားစားတဲ့ company တွေရှိပါတယ်။ ဒီ company က ဆာဗာတွေ internet နဲ့  ချိတ်ပြီး တစ်လုံး ဘယ်လောက်ဆိုပြီး ငှားစားပါတယ်။ သူတို့ ကို Data center တွေလို့  ခေါ်ပါတယ်။ အဲဒီ ဒေတာစင်တာ တွေက ဆာဗာ တွေကို web hosting company ကြီးတွေက ငှားပြီး web server တွေ run ပြီးတော့ web site တွေ ရောင်းစားပါတယ်။ တစ်ခါ သူတို့ ဆီက reseller လို့ ခေါ်တဲ့ လုပ်ငန်းငယ်လေးတွေက ပြန်ဝယ်ပြီး တစ်ဆင့်ပြန် ရောင်းပါတယ်။ ဥပမာ အခု ဗမာလေး ဆိုက်က reseller site ပေါ်မှာ host လုပ်ထားတာပါ။ (Reseller လဲ ကျွန်တော်ပါပဲ၊ ပြန်ရောင်းဖို့  မဟုတ်ပါ၊ အခြား ဆိုက်တွေပါ တင်လို့ ရအောင် reseller ဝယ်ထားတာပါ။)

ရယူပုံရယူနည်းများ


ဒီနေရာမှာ .........

၁။ domain name registration ကို သတ်သတ် လုပ်မလား၊ web hosting provider ကပေးတဲ့ ဆားဗစ် ကိုပဲ သုံးမလား။
၂။ payment ကို ဘယ်လို method သုံးမလဲ။
၃။ ဘယ်နှစ်လစာ ဝယ်မလဲ။
၎။Disk Space နှင့် Bandwidth ကိုဘယ်လောက်သုံးမှာလဲ...ဘယ်လောက်လောက်လိုလဲ...
စသည်ဖြင့်ပေါ့ထဲ့သွင်းစဉ်းစားဖို့လိုပါတယ်...

Online က ၀ယ်ယူချင်တယ်ဆိုရင် Credit Card ရှိဖို့လိုပါတယ် ။ Card Type က :
Vista လား ၊ MasterCard လား ၊ American Express လား ၊ Discover လား ။

ကိုယ် သုံးတဲ့ Card အမျိုးအစားကို ရွေးချင်ပြီး Card Number , Expiration Month , Expiration Year ,
Security code တို့ကို ရိုက်ထည့်ပေးရတယ် ။

သင့်မှာ PayPal Account ရှိတယ် ဆိုရင် PayPal ကနေလည်း ငွေချေ နိုင်ပါတယ် ။

Billing Contact

ဒီမှာ Card ပိုင်ရှင်ရဲ့ Name , Phone , Address , Email စသဖြင့် ဖြည့်ပေးဖို့လိုတယ် ။

ပြီးရင် Service Agreement မှာ သဘောတူပါတယ် ဆိုတဲ့ Box လေးကို အမှန်ခြစ်လေးလုပ်ပြီး
Submit Order ကို click လုပ်ကာ ၀ယ်ယူနိုင်ပါသည် ။

ဒါဆိုရင် သူတို့က သင့်ရဲ့ email စီသို့ သင်ဝယ်ယူထားသော Domain Name , Password , Price , Help
တို့ပါဝင်သော email တစ်ဆောင်ပို့ပါလိမ့်မည် ။

Credit Card သုံးပြီး online က ၀ယ်ယူသည့် ပုံစံက ဒီ အတိုင်းပါပဲ ။ ဘယ် websites မှာ ပဲ ၀ယ်ယူပါစေ
ဒီအတိုင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ် ။

ဆက်ရန်.....

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ