this site the web

693.. အဆီထွက်များသော ဆံကေသာအမျိုးအစား အားထိန်းသိမ်းနည်း

 
http://www.pgbeautygroomingscience.com/assets/images/twoh/Chapter%201/Dry%203.jpg

Greasy Hair

http://www.pgbeautygroomingscience.com/assets/images/twoh/Chapter%201/Dry%204.jpg

Greasy Hair

http://farm1.static.flickr.com/222/489871187_3323554b46.jpg
အဆီအထွက်များတဲ့ ဆံပင်အမျိုးအစားတွေဟာ အများအားဖြင့် ဦးရေပြားအောက်က အဆီကျိတ်ဂလင်းကနေ အဆီထုတ်လုပ်မှု များခြင်းကြောင့် ဖြစ်တဲ့အတွက် ကုစားလို့မရပေမယ့် ပြုစု ထိန်းသိမ်းတဲ့နည်းနဲ့တော့ တားဆီးလို့ရပါတယ်။ ဆီအထွက်များရတဲ့ အကြောင်းရင်း အဓိကအချက်နှစ်ချက် ရှိပါတယ်။ အဆီကျိတ်ဂလင်းကနေ ဆီထုတ်လုပ်မှု များတာကြောင့် ဖြစ်စေ ဆံပင်အထွက်နှုန်း ကျဲပါးတာကြောင့် အဆီကျိတ်ကနေ ဆီထုတ်လုပ်တာ ပုံမှန်ဖြစ်ပေမယ့် ဒီပုံမှန် အဆီဓာတ်ကိုပဲ လက်ခံနိုင်စွမ်း မရှိတဲ့အတွက် ဦးရေပြားမှာ အဆီတွေ များနေရတာဖြစ်တယ်။ ဆံပင်သား သေးမျှင်သူတွေဆိုရင် နောက်ထပ်တစ်မျိုးတောင်ပိုလာပါသေးတယ်။ ဦးရေပြားကနေ ချွေးအထွက်များတဲ့အတွက် ဆီအထွက်များတဲ့ ဆံပင်သားဖြစ်ဖို့ အားပေးသလို ဖြစ်တာပါ။
ဘယ်လိုပြုစုထိန်းသိမ်းမလဲ

How to care for greasy hair
အဆီအထွက်များတတ်တဲ့ ဆံကေသာတွေကို ဦးရေပြားရဲ့ အပြင်ဘက်ကနေ အဆီထွက်ရှိခြင်းကို ထိန်းချုပ်ဖို့ရာ ခဲယဉ်းလှပါတယ်။ ဘာကြောင့်လဲဆိုရင် ဦးရေပြားရဲ့အတွင်းပိုင်းက ဟော်မုန်းဓာတ်တွေကြောင့် အပြင် မျိုးရိုးဗီဇကြောင့်လည်းဖြစ်တတ်တဲ့ သဘောကြောင့် ပြုပြင်ဖို့ မလွယ်ကူပါဘူး။ ဒါပေမဲ့ အဆီဓာတ်တွေ ထွက်ရှိခြင်းကို မိမိဘာသာ ကိုင်တွယ်ဖြေရှင်းပြီး ထိန်းချုပ်နိုင်တဲ့နည်းလမ်းတွေ များစွာရှိနေပါပြီ။

ဥပမာအားဖြင့်
- ဆံပင်သားနဲ့ ဦးရေပြားမှာ အဆီထွက်လာပြီဆိုရင် တတ်နိုင်သမျှ မကြာခဏ ခေါင်းလျှော်ပေးနိုင်ပါတယ်။ ဒီလို လျှော်ပေးခြင်းအားဖြင့် ဦးရေပြားကနေ အဆီထုတ်လုပ်မှုကို ဟန့်တားပေးနိုင်စွမ်း ရှိပါတယ်။

- ဆံပင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အသုံးပြုမယ်ဆိုရင်လည်း အဆီထွက်များတဲ့ သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ ပစ္စည်းကိုပဲ ရွေးချယ်သုံးစွဲသင့်ပါတယ်။ ဒီပစ္စည်းတွေထဲမှာတော့ အဆီထွက်စေမယ့် ပစ္စည်းတွေ ပါဝင်မှာ မဟုတ်တဲ့အတွက် ဆံကေသာကို စတိုင်လ်ကျလှပစေမှာပါ။ အကယ်၍ ဖယောင်းနဲ့ပြုလုပ်ထားတဲ့ ခေါင်းလိမ်းဆီတွေက ဆံပင်သားတွေကိုပါ လေးလံနေစေပြီး ပုံသွင်းရ ခက်ခဲစေပါတယ်။

- ခေါင်းလျှော်တာဖြစ်စေ ခေါင်းလျှော်ပြီးနောက် အခြောက်ခံဖို့ လေမှုတ်ရာမှာဖြစ်စေ ခပ်နွေးနွေးအနေအထားလေးက သင့်တော်ပါတယ်။ ပူလို့ရှိရင် ခေါင်းမှာ အဆီပိုထွက်တယ်ဆိုတာက သက်သေမရှိတာမှန်ပေမယ့် တစ်ခေါင်းလုံးကို ဆီပျံ့နှံ့မှုကတော့ မြန်ဆန်စေနိုင်တာပါ။

- ဆံပင်ကိုလည်း မကြာခဏ ဖြီးပေးဖို့ မလိုအပ်ပါဘူး။ ဖြီးတဲ့အခါမှာ ဘီးကျဲ(သို့မဟုတ်) ဘရပ်ရှ်နဲ့ပဲဖြီးပေးနိုင်ပါတယ်။

- ခေါင်းလျှော်နေစဉ်မှာ အသုံးပြုတဲ့ ဘီးနဲ့ ဘရပ်ရှ်ကို တစ်ပါတည်း ဆေးကြောပေးပါ။ အဲဒါမှ ဘီးတွေမှာ ကပ်ငြိနေတဲ့ အဆီတွေဟာ ဆံပင်ပုံသွင်းတဲ့အခါမှာ အနှောင့်အယှက်မဖြစ်စေမှာပါ။

စတိုင်လ်ကျ လှပစေဖို့ အကြံပြုချက်
The best styling tips

- ဒီဆံပင်သား ပိုင်ရှင်တွေဟာ နေ့စဉ်ပုံသွင်းနေတာထက် ဆံပင်ပုံစံကို ရိုးရိုးရှင်းရှင်း ပုံစံတွေပဲထားသင့်ပါတယ်။

- ဆီကို ဆံပင်သားက မြန်မြန် စုပ်ယူစေနိုင်တဲ့ ဦးရေပြားနဲ့ ကပ်အောင် ညှပ်တဲ့ပုံစံမျိုးကိုရှောင်ပါ။
- ဆံပင်ကို နောက်ဘက်လှန်ဖြီးတာက ဆံပင်သားကို ဦးရေပြားကနေ အနည်းငယ် ကွာဝေးသွားစေသလို ဆီအထွက်များစေခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ဆံပင်ဖျန်းဆေး စပရေးနဲ့ ပုံသွင်းဆေးရည်တွေက အဆီထွက်များတဲ့ ဆံကေသာတွေအတွက် အထူးသင့်တော်ပါတယ်။ ဘာကြောင့်လဲ ဆိုရင်သူတို့တွေက ဆံပင်ခွဲကြောင်းတွေကို သီးခြားစီ ခွဲထုတ်ပေးနိုင်လို့ပါပဲ။

- အကယ်၍ ဆံပင်မှာ အဆီတွေ သိပ်ထွက်နေခဲ့မယ်ဆိုရင် ဆံပင်ကို ကောက်ပေးပြီး အကျားကျား ဆေးဆိုးပေးနိုင်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် သူတို့ဆေးတွေဟာ ဆံပင်က ထွက်ရှိတဲ့အဆီတွေကို အနည်းနဲ့အများမဆို စုပ်ယူနိုင်စွမ်းအား ရှိလို့ပါပဲ။

- ခေါင်းတစ်ခုလုံးကို လျှော်ဖို့ အချိန်မရခဲ့ရင် မိမိပုံသွင်းလိုတဲ့ ဆံပင်အဖျားပဲ ဖြစ်ဖြစ် ဆံမြိတ်စုကိုပဲဖြစ်ဖြစ် ကွက်ပြီး လျှော်ပေးပါ။ လိုသလို ပုံသွင်းပေးလိုက်တဲ့အခါ ပုံစံကျ လှပနေတာကို တွေ့မြင်ရမှာပါ။

- နောက်တစ်နည်းကတော့ စိုစွတ်တဲ့ ဂျယ်လ်ကို အသုံးပြုပြီး ရေစိုဆံပင် ပုံစံအဖြစ်လည်း ဖန်တီးနိုင်ပါတယ်။ ဒီလိုလုပ်တာဟာ နံနက်ပိုင်း အိပ်ရာကထစ ထိုင်းမှိုင်းနေတဲ့ ဆံပင်သားကို လန်းဆန်းသွားစေနိုင်တာပါ။ အဆီပြန်တဲ့ ဆံပင်သားမျိုး အနေနဲ့ အမြဲဖြစ်နေတာမျိုးမဟုတ်ဘဲ အားလျော့ပြီး ပင်ပန်းနေချိန်၊ ကြောင့်ကြစိတ်များပြီး သောကရောက်ချိန်၊ ဖိစီးမှုများနေချိန်တွေမှာ ခေတ္တဖြစ်ပေါ်တတ်တာသာ ဖြစ်ပါတယ်။ ဖိစီးမှုတွေကိုကျော်လွှားပြီးသွားတဲ့အခါမှာ ဆီထုတ်လုပ်မှုလည်းပုံမှန်ပြန်ဖြစ်သွားတာပါ။ အမျိုးသမီးတွေ သုံးစွဲတဲ့ ပဋိသန္ဓေတားဆေးကလည်း အဆီထုတ်လုပ်မှုကို များပြားစေနိုင်ပါသေးတယ်။

Ref: သရဖူမဂ္ဂဇင်း (အမှတ် ၁၄၂၊ သြဂုတ်လ၊ ၂၀၀၉)

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ