this site the web

687..HTC Imagio ဖုန်း

 
HTC Imagio ဖုန်းဟာ Verizon ရဲ့ V Cast Mobile TV နဲ့ V Cast Multimedia service တို့ကိုအသုံးပြုနိုင်ပြီး Windows Mobile 6.5 ကိုအသုံးပြုထားကာ Wi-Fi, Bluetooth, GPS, EV-DO Rev.A စတဲ့စနစ်တွေကိုလည်း အသုံးပြုနိုင်တာကိုတွေ့ရပါတယ်။ ကြီးမားတဲ့ touchscreen ပါဝင် လာပြီး 3.5rDvD နားကြပ်ပေါက်၊ 5-megapixel ကင်မရာနဲ့ kick-stand တို့လည်းပါဝင်လာပါတယ်။
အားနည်းချက်အနေနဲ့ကတော့ microSD slot ဟာဘက်ထရီရဲ့ အောက်ဘက်မှာရှိခြင်းနဲ့ ဖုန်းရဲ့ ခေါ်ဆိုမှုအရည်အသွေးမတည်ငြိမ် ခြင်းတို့ဖြစ်ပါတယ်။

Design
HTC Imagio ဟာ multimedia စမတ်ဖုန်းဖြစ်ပေမယ့်အခြား ဖုန်းတွေလိုတောက်တောက်ပြောင် ပြောင်မရှိတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ဆွဲဆောင်မှုရှိပြီး ကြီးမားတဲ့ touchscreen ပါဝင်ခြင်းနဲ့ဖုန်းရဲ့ အနားစောင်းတွေလုံးဝန်းခြင်းကလည်း သုံးစွဲသူတွေအတွက်နှစ်သက်စေမယ့် အချက်ပဲဖြစ်ပါတယ်။ ဖုန်းရဲ့အရွယ်အ စားကတော့ အလျား ၄.၆လက်မ၊ အနံ ၂.၄ လက်မနဲ့ အထူ ၀.၅ လက်မဖြစ်ပြီး အလေးချိန်ကတော့ ၅.၂၅ အောင်စဖြစ်ပါတယ်။ ဖုန်း ရဲ့တည်ဆောက်ပုံဟာတောင့်တင်း ခိုင်မာပြီး သိပ်သည်းကျစ်လစ်ကာ ကိုင်ထားတဲ့အခါမှာလည်း သက် သောင့်သက်သာဖြစ်စေပါတယ်။
ဖုန်းမှာပါဝင်တဲ့ screen ဟာ WVGA touchscreen ဖြစ်ပြီးအ ရွယ်အစားကတော့ ၃.၆လက်မ ဖြစ်ပါတယ်။ အရောင်ပေါင်း 65,000 ကိုဖော်ပြပေးနိုင်ပြီး resolution ကတော့ 480x800 ဖြစ်ပါတယ်။ Screen ကိုချောမွေ့တဲ့ဖန်သားပြင် ဖြင့်ပြုလုပ်ထားပြီး ဓါတ်ပုံနဲ့စာသား များကိုကြည်လင်ပြတ်သားစွာတွေ့ မြင်ရမှာဖြစ်ပါတယ်။ Built-in accelerometer ပါဝင်တာကြောင့် ဖုန်းရဲ့ screen ကိုလှည့်ရုံဖြင့် ဒေါင် လိုက်၊ အလျားလိုက်အလိုအ လျောက်ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစနစ်ကို Web browser, email, photo နဲ့ video တို့ကိုအသုံးပြုတဲ့အခါမှာ သာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
HTC Imagio မှာအသုံးပြု ထားတဲ့ interface ဟာ HTC ရဲ့ TouchFlo 3D interface ဖြစ်ပါ တယ်။ ဖုန်းမှာပါဝင်တဲ့ screen ဟာတုံ့ပြန်မှုကောင်းမွန်ပြီးအလွယ် တကူအသုံးပြုနိုင်တာကိုတွေ့ရပါ တယ်။ Onscreen ဖြင့်အသုံးပြုနိုင် မယ့် QWERTY ကီးဘုတ်ပါဝင် ပြီး XT9 ကိုလည်းအထောက်အပံ့ ပေးနိုင်ပါတယ်။ ကီးဘုတ်ရဲ့ခလုတ် များဟာအနည်းငယ်ကြီးမားတာ ကြောင့်လည်းအသုံးပြုတဲ့အခါမှာ အမှားအယွင်းအနည်းငယ်သာဖြစ် စေတာကိုတွေ့ရပါတယ်။ Display ရဲ့အောက်ခြေဘက်မှာရှိတဲ့ zoom in/out bar ဟာ web browser ကိုအသုံးပြုခြင်းနဲ့ hyperlink တွေကို select လုပ်တဲ့ အခါတွေမှာများစွာအထောက်အကူ ဖြစ်စေပါတယ်။ Zoom in/out ကို bar အပေါ်တွင်လက်ကိုရွေ့လျား ရုံဖြင့်အသုံးပြုနိုင်ပါတယ်။ ၎င်းင်း zoom ခလုတ်ရဲ့အောက်ဘက်မှာ တော့ Talk ခလုတ်၊ End/Power ခလုတ်၊ media ခလုတ်၊ Start menu ခလုတ်နဲ့ back ခလုတ်တို့ ကိုတွေ့ရမှာဖြစ်ပါတယ်။ အသံတိုး ချဲ့ပြုလုပ်နိုင်မယ့် volume rocker ခလုတ်ကိုတော့ဖုန်းရဲ့ဘေးညာဘက် တွင်တွေ့ရမှာဖြစ်ပြီး mini-USB port နဲ့ ၃.၅မီလီနားကြပ်ပေါက် ကိုတော့ဖုန်းရဲ့အောက်ဘက်မှာတွေ့ ရမှာဖြစ်ပါတယ်။ ဖုန်းရဲ့ကျောဘက် မှာတော့ကင်မရာမှန်ဘီလူးနဲ့ အင် တာနာအဖြစ်အသုံးပြုနိုင်မယ့် kick-stand တို့ပါဝင်လာပါတယ်။

Features
HTC Imagio ဖုန်းတွင် Windows Mobile 6.5 ကိုအသုံးပြု ထားတာကြောင့် Windows Office Mobile Suite, Adobe Reader LE စတာတွေကိုအသုံး ပြုနိုင်ပါတယ်။ ဒါ့အပြင် calendar, task list, voice recorder စတာတွေကိုအသုံးပြုနိုင်ပြီး POP3 နဲ့ IMAP အီးမေးလ် account တွေ ကိုလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းဆက်သွယ်မှုများကိုဖုန်းရဲ့ memory အလိုက်မှတ်သားထားနိုင် ပြီး entry တစ်ခုစီတွင်ဖုန်းနံပါတ် များ၊ အိမ်နှင့်ရုံးလိပ်စာများ၊ အီး မေးလ်လိပ်စာများ၊ မွေးနေ့များနဲ့ မှတ်စုများကိုမှတ်သားထားနိုင်ပါ တယ်။
ဖုန်းတွင် browser အနေဖြင့် ယခင်ဗားရှင်းတွေထက်ပိုမိုကောင်း မွန်တဲ့ Internet Explorer 6 နဲ့ tab တွေမြောက်များစွာဖြင့်အသုံး ပြုနိုင်မယ့် Opera တို့ပါဝင်လာပါ တယ်။ နှစ်သက်ရာ browser ကို ရွေးချယ်အသုံးပြုနိုင်ပြီး အွန်လိုင်း ဗီဒီယိုကြည့်ရှုလိုသူများအနေနဲ့နှစ် သက်စေမယ့်အချက်ကတော့ Internet Explorer မှာ Flash Lite ပါဝင်လာခြင်းဖြစ်ပါတယ်။ သီချင်း နားထောင်ဖို့အတွက် Windows Mobile 10 Mobile ကိုထည့် သွင်းပေးထားပြီး AAC, MP3, WAV, WMA, MPEG-4, WMV စတဲ့သီချင်းနဲ့ဗီဒီယို format များကိုအသုံးပြုနိုင်ပါတယ်။
ကင်မရာအနေနဲ့ကတော့ 5-megapixel ကင်မရာပါဝင်လာပါ တယ်။ ဓါတ်ပုံများကို resolution ခြောက်မျိုးဖြင့်ရိုက်ကူးနိုင်ပြီး touch focus mode ဖြင့်လည်းရိုက်ကူး နိုင်ပါတယ်။ ဓါတ်ပုံရဲ့အရည်အ သွေးဟာအတော်ကောင်းမွန်တာ ကြောင့်ဓါတ်ပုံများကိုကြည်လင် တောက်ပစွာဖြင့်ရိုက်ကူးနိုင်မှာဖြစ် ပါတယ်။
ဗီဒီယိုရိုက်ကူးနိုင်ရန်အတွက် built-in ဗီဒီယိုကင်မရာပါဝင်ပါ တယ်။ H.263, 3GPP2, MPEG4, H.264 စတဲ့ format လေးမျိုးဖြင့် ရိုက်ကူးပြီး MMS အတွက်ရိုက် ကူးတဲ့အခါအကန့်အသတ်ရှိပေမယ့် သိမ်းဆည်းဖို့အတွက်ကတော့အကန့် အသတ်မရှိရိုက်ကူးနိုင်ပါတယ်။ သိမ်းဆည်းဖို့အတွက် memory 16GB အထိအသုံးပြုနိုင်ပါတယ်။

Performance
HTC Imagio ဖုန်းကို CDMA ရော GSM ဖြင့်ပါအသုံးပြုနိုင်ပါ တယ်။ GSM ဖြင့် quad-band 850/900/1800/1900 အသုံးပြု နိုင်ပြီး CDMA ကတော့ dual-band 800/1900 ဖြင့်အသုံးပြုနိုင် ပါတယ်။ ဒါ့အပြင် UMTS/HSDPA 2100MHz ကိုလည်း အထောက်အပံ့ပေးနိုင်ပါတယ်။ ဒီဖုန်းကိုစမ်း သပ်သုံးစွဲကြည့်တဲ့အခါမှာနောက်ခံ ဆူညံမှုအနည်းငယ်ရှိပြီးခေါ်ဆိုမှု အရည်အသွေးဟာတည်ငြိမ်ခြင်း မရှိဘဲရှုပ်ထွေးနေတာကိုတွေ့ရပါ တယ်။ စပီကာရဲ့အရည်အသွေးကတော့ကောင်းမွန်ပြီး အသံများကို ကြည်လင်စွာကြားရမှာဖြစ်ပါတယ်။ 528MHz Qualcomm MSM 7600 ပရိုဆက်ဆာကိုအသုံးပြု ထားကြောင့် Application တွေ ကိုလျင်မြန်စွာအသုံးပြုနိုင်ပါတယ်။ ဘက်ထရီကတော့ 1500mAH lithium ဘက်ထရီဖြစ်ပြီး ဖုန်း ပြောဆိုမှုအတွက် ၅ နာရီနဲ့ ၅၅ မိနစ်အကြာအသုံးပြုနိုင်ပြီး အ သင့်အနေအထား (standby) ဖြင့် ၁၃ ရက် ကြာ အသုံးပြုနိုင်တာကို တွေ့ရပါတယ်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ