this site the web

675..သန်စွမ်း ကျန်းမာ ဆံကေသာ( ခေါင်းလျှော်ပုံ အဆင့်ဆင့် )

 

































































ဆံပင်က မိန်းကလေး တစ်ယောက် အတွက် အရေးပါ လှပါတယ်။ ဆံပင်ပုံစံ အမျိုးမျိုးကို ကိုယ့်မျက်နှာ နဲ့ လိုက်ဖက်အောင် ပြင်ဆင် ကြရင်း ဆံပင် ပုံသွင်း ဆေးဆိုးကြတဲ့ အလေ့ အကျင့်ကလည်း မိန်းကလေး တွေကြား ရေပန်းစား လှပါတယ်။ ဘယ်လောက်ပဲ လှပသူ ဖြစ်ပါစေ ဆံပင်ရဲ့ ကောင်းခြင်း နဲ့ ပြည့်စုံဖို့ အားထုတ် တတ်ကြ ပါတယ်။ ဆံပင်ပုံစံ လှလှလေးတွေကို တစ်မျိုးပြီး တစ်မျိုးပြင်ရင်း ကနေ နဂို ကျန်းမာ သန်စွမ်းပြီးသား ဆံပင်ရဲ့ အနေအထားကို ထိခိုက်လာတဲ့ အခါမှာတော့ စိုးရိမ် ပူပန် တတ်ကြ ပြန်ရောလေ။







ဒီနေ့ ဆံပင်နဲ့ ပတ်သက်တဲ့ အသုံးအဆောင် တွေမှာ ဆံပင် သန်စွမ်း ကျန်းမာဖို့၊ ဆံပင် ရဲ့ အနေအထား၊ မူလ အခြေအနေ မပျက်စီးစေဖို့၊ ပျက်စီးစ ပြုနေတဲ့ ဆံပင်တွေ ပြန်လည် ကျန်းမာလာ စေဖို့နဲ့ စဉ်ဆက် မပြတ် ထိန်းသိမ်း ပြုပြင်ဖို့ စတဲ့ အကျိုး အာနိသင်တွေ ပေါင်းစပ် ထုတ်လုပ်လာ ကြပါတယ်။ ဒါပေမဲ့ ဘယ်လောက် ကောင်းတဲ့ ထုတ်ကုန် ပစ္စည်းပဲ ဖြစ်နေပါစေ သုံးစွဲသူ နဲ့ သဟ ဇာတ မဖြစ်ရင် အကျိုး ထက် အပြစ်က ပိုများ သွားနိုင်ပါတယ်။ ဘေးထွက် ဆိုးကျိုး နဲ့ နောက်ဆက်တွဲ ပျက်စီးမှုတွေ ကိုပါ ခံစား ရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ မူလ ဆံပင်သား အနေအထား၊ ကျန်းမာ သန်စွမ်းမှု အခြေအနေ၊ အရှည်၊ အတိုနဲ့ ဦးရေပြား အနေအထားကို လိုက်ပြီး သင့်လျော်မယ့် ပစ္စည်းတွေ သုံးစွဲ တတ်ကြဖို့ လိုပါတယ်။ ကိုယ်နဲ့ သင့်လျော်တယ် ဆိုရာမှာ ကိုယ်ကြိုက်တာ ထက် ပို လိုက်ဖက်တာ ကို ရွေးချယ် သင့် ပါတယ်။

နောက်ပြီး ကိုယ်ရွေးချယ်ထားတဲ့ ပစ္စည်းကို စနစ်တကျ သုံးတတ်ဖို့လည်း လိုပါတယ်။ ဘယ်လိုပစ္စည်း တွေနဲ့ ဘယ်လို အခြေအနေမျိုးတွေ မှာပဲ ပြုပြင် ပြုပြင် အရင်ဆုံး ဆံသားတွေ သန့်ရှင်း နူးညံ့သွားအောင် ခေါင်းလျှော် ကြရပါတယ်။ ခေါင်းလျှော်ရည် ဆိုတာ အများ နဲ့ သင့်လျော်တဲ့ အမျိုးအစားတွေ များပေမဲ့ တချို့က ဦးရေပြား နဲ့ ဓာတ်မတည့်တာမျိုးတွေ ကြုံရ တတ်ပါတယ်။ ဒီအခါမျိုးမှာ နာမည်ကြီး Brand ဖြစ်ပေမဲ့ ကိုယ်နဲ့ မသင့်ဘူး ဆိုတာကို ချက်ချင်း သဘောပေါက်ပြီး ပြောင်းလဲ သုံးစွဲ သင့်ပါတယ်။ ခေါင်းလျှော်ရည် နဲ့ ဆံပင် အလှပြင် ပစ္စည်းတွေကို ရွေးချယ်မှု မှန်ခဲ့ပြီ ဆိုရင်လည်း စနစ်တကျ သုံးစွဲတတ် မှလည်း ထိရောက်တဲ့ အကျိုးအာနိသင် ကို ခံစားရမှာ ဖြစ်ပါတယ်။ စနစ်တကျ နဲ့ ပုံစံမှန်ပြီး ထိရောက်တဲ့ ခေါင်းလျှော်ပုံ အဆင့်ဆင့်ကို လူတိုင်း အတွက် အခြေခံ အဖြစ် Ushido & Insin Hair Care Series အလှကုန်တွေ သုံးပြီး မော်ဒယ်လ် နဒီဝင့်နိုင် နဲ့ သရုပ်ဖော် တင်ပြ ထားပါတယ်။ ခေါင်းလျှော်ပုံ အဆင့်ဆင့်ကိုတော့ မိတ်ကပ် ဉာဏ်ဉာဏ်က ရှင်းလင်း ပြသ ပေးခဲ့ ပါတယ်။
အဆင့်(၁)
နဒီရဲ့ ဆံပင်က ဆံသား ပျော့ပျောင်းပြီး ရှည်လျားတဲ့ အတွက် ခေါင်းလျှော်တဲ့ အခါ ခေါင်းလျှော်ရည်နှံ့ဖို့ စိတ်ရှည်ရှည် ပွတ်လိမ်းလျှော် ပေးရပါမယ်။ အရင်ဆုံး ဆံသားတွေ စိုစွတ် သွားအောင် ဦးရေပြားက စပြီး ဆံပင်ဖျား အထိ ရေဆွတ် ပါတယ်။ ရေနှံ့ပြီး ဆံပင်စိုသွားတဲ့ အခါ ခေါင်းလျှော်ရည်(Cream)ကို အသုံးပြုပြီး ခေါင်းက တစ်ဆင့် ဆံဖျား အထိ နှံ့အောင် ပွတ်လိမ်းပြီး ညင်ညင် သာသာ လျှော်ပေး ရပါတယ်။ ငါးမိနစ်လောက် လျှော်ပြီး တစ်ကြိမ် ရေဆေးရပါမယ်။ ဒီအခါမှာ ဆံပင်၊ ဦးရေပြားမှာ ကပ်ငြိနေတဲ့ ကြေးတွေ၊ ဆီတွေနဲ့ တခြား အညစ်အကြေး တွေ ရှင်းသွားပါပြီ။ ရေဆေး ပြီးရင် ခေါင်းလျှော် ကရင်မ်ကို နောက် တစ်ကြိမ် ပွတ်လိမ်းပြီး ငါးမိနစ်လောက် ထပ်လျှော်တဲ့ အခါမှာတော့ လုံးဝ သန့်စင်သွားတဲ့ ဆံသားကို ရပါပြီ။
အဆင့်(၂)
ခေါင်းလျှော်ပြီးတဲ့ အခါ ကိုယ်လိုချင် သလို ဖန်တီးလို့ ရအောင် ဆံပင် ပျော့ဆေး သုံးပြီး ဆံသားတွေ နူးညံ့ သွားအောင် ပြုလုပ် ရပါတယ်။ အခုသုံးတဲ့ Ushido Product တွေက နိုင်ငံတကာ စံညွှန်းမီ Product တွေဖြစ်တဲ့ အတွက် ၁၀ မိနစ်လောက် သုတ်လိမ်း လျှော်ဖွပ်လိုက် ရင်ကိုပဲ နူးညံ့ ပျော့ပျောင်းတဲ့ ဆံပင်တွေ ဖြစ်သွား စေနိုင်ပါတယ်။ နဒီကိုလည်း ဆံပင် ပျော့ဆေး နဲ့ ၁၀ မိနစ်လောက် ပြုပြင် ပေးပြီး ရေဆေး သန့်စင် လိုက်ပါတယ်။ ဒါဆိုရင် နူးညံ့ ပျော့ပျောင်းတဲ့ ဆံပင် သားကို မပျက်စီးအောင် ဗီတာမင်တွေနဲ့ Treatment ယူပြီး ကျန်းမာ သန်စွမ်း နူးညံ့ ပျော့ပျောင်းတဲ့ ဆံပင် အဖြစ် ပေါင်းတင်လို့ ရပါပြီ။
အဆင့်(၃)







လုံးဝ သန့်စင်တဲ့ ဆံသားကို Treatment လုပ်တဲ့ အခါ အသုံးပြုတဲ့ ပစ္စည်း အာနိသင်တွေကို ထိထိ ရောက်ရောက် လက်ခံ နိုင်ပါတယ်။ နဒီရဲ့ ဆံသား တွေကို နူးညံ့ သွားအောင် ပေါင်းတင်ဖို့ အတွက် ပြင်ဆင် ပါတယ်။ အခုလို ပေါင်းတာကို အစိုပေါင်းတယ်လို့ ခေါ်ပါတယ်။ အစိုပေါင်းတာ က ဦးရေပြား ရဲ့မျက်နှာ ပြင်နဲ့ အကြောမျှင်တွေ ပျော့ပျောင်းသွား တော့ ခံစား လို့လည်း ကောင်းပါတယ်။ အခြောက်ပေါင်းတာက တော့ လူတိုင်းနဲ့ မသင့်လျော်ပါဘူး။

နဒီ့ ဆံပင်က ရှည်တော့ ပေါင်းဆေးကို နှံ့အောင် စိတ်ရှည်ရှည် လိမ်းပေး ရပါတယ်။ အဲဒီလို လိမ်းပေးနေရင်း ညင်ညင် သာသာ နှိပ်ပေး နိုင်ပါတယ်။ ခေါင်းလျှော်ပေး တဲ့သူ ဒါမှ မဟုတ် ကိုယ်တိုင်လျှော်တဲ့ အခါမှာ လက်သည်း တွေ ရှည်နေလို့ မဖြစ်ပါဘူး။ လက်သည်းက ပျော့ပျောင်း နေတဲ့ ဦးရေပြားကို ပွန်းပဲ့ သွားစေတတ် လို့ပါ။ ပေါင်းဆေးကိုတော့ ကိုယ်သုံးတဲ့ ပစ္စည်း အရည်အသွေး အပေါ် မူတည်ပြီး ၁၅ မိနစ်ကနေ နာရီဝက်လောက် အထိ ပေါင်းထား လို့ ရပါတယ်။ ပေါင်းပြီးသား ဆံပင်တွေကို ရေခြောက်သွားအောင် Dryer နဲ့ အခြောက်ခံ ပေးရပါမယ်။
အဆင့်(၄)
သန့်ရှင်း တောက်ပြောင်ပြီး နူးညံ့ ပျော့ပျောင်းတဲ့ ဆံနွယ် ရှည်ရှည်လေး တွေက နဒီ့ကို လှပ တင့်တယ် နေစေ ပါတယ်။ ဒီထက် ပိုပြီး ဆန်းသစ် သွားအောင် ဆံပင် ဆေးဆိုး ချင်ပါသေး သတဲ့။ ဒါကြောင့် အနက်ရောင် ဆံကေသာ မှာ ညိုလွင်လွင် ဆံသားရောင်လေးတွေ အဖြစ် ပေါင်းပေး လိုက်ပါတယ်။ ဆံပင်ဆေးဆိုးတဲ့အခါ ဆေးညီဖို့နဲ့ ဆံပင်အားလုံး နှံ့စပ်အောင် လိမ်းပေးဖို့ လိုပါတယ်။ ဆေးညီညီလိမ်းပြီး ၁၅ မိနစ်လောက် စောင့် ပေးရပါမယ်။ အဲဒီနောက် လိမ်းထားတဲ့ ဆေးတွေ ဆံသားမှာ စွဲသွား လောက်တဲ့ အချိန် ဆေးအနံ့၊ ဆေးကျန်တွေ ပြောင်အောင် ရေများများ သုံးပြီး ဆေးကြော ရပါမယ်။ ဆေးတွေ ပြောင်သွားပြီ ဆိုရင်တော့ ရေသုတ် ပြီး Dryer နဲ့ အခြောက်ခံ ပေးလိုက်တဲ့ အခါ အရောင် လွင်လွင် လက်လက် လေးတွေနဲ့ နူးညံ့ ပျော့ပျောင်းတဲ့ ဆံသားလေးကို နဒီ ပိုင်ဆိုင် သွားခဲ့ ပါပြီ။
စာဖတ် ပရိသတ်တွေလည်း အခုပြော တဲ့ အဆင့်တွေကို ကိုယ်သုံး တဲ့ Product ပေါ်မူတည်ပြီး စနစ်တကျသုံးစွဲကြမယ် ဆိုရင် လှပကျန်းမာတဲ့ ဆံကေသာကို ပိုင် ဆိုင်နိုင်ကြမှာဖြစ်ပါတယ်။
အလှကုန် ပံ့ပိုး ပေးတဲ့ Ushido & Insin ကူညီ ပြသပေးတဲ့ မိတ်ကပ် ဉာဏ်ဉာဏ်နဲ့ အဖွဲ့၊ ကူညီ သရုပ်ပြ ပေးတဲ့ နဒီဝင့်နိုင် တို့ကို အထူး ကျေးဇူးတင် ပါတယ်။

မြတ်ဇော်မှ


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ