this site the web

674..ဝတ်စုံ လှလှ လေးတွေ အတွက် ဒီဇိုင်း ဆန်းဆန်းလေး

 

































































ဝတ်စုံ လှလှ လေးတွေ အတွက် ဒီဇိုင်း ဆန်းဆန်းလေး တွေ ရဖို့ ကတော့ သည်ဘက် ခေတ်မှာ ဒီဇိုင်နာတွေ ရဲ့ဝတ်စုံ လှလှလေးတွေ ကို အပ်ဝတ် လို့ ရနေပါပြီ။ ဒီဇိုင်း လှလှ ဆန်းဆန်းလေးတွေ က ဝတ်ဆင် ရသူတွေ အတွက် တစ်မျိုး ဆန်းသစ်ပြီး လှပ စေတာမို့ ဒီဇိုင်နာတွေ ရဲ့ဖန်တီးမှု၊ အတွေးတွေ ကို မေးဖြစ် ခဲ့ပါတယ်။
၂၉၊ စူပါဝေါလ် (၄)ရုံ၊ ဗိုလ်ချုပ် အောင်ဆန်းဈေး က ဒီဇိုင်နာ ခင်ဥဝိန် ရဲ့ ဒီဇိုင်း တီထွင်မှု အတွေးလေးတွေ ကို ခုလို သိခဲ့ ပါတယ်။








ခင်ဥဝိန် က ငယ်ငယ် ကတည်းက အချုပ်အလုပ် ကို ဝါသနာ ပါခဲ့တယ်လို့ ဆိုပါတယ်။ ပထမဆုံး အမြင် နဲ့ ရင်းနှီး စေတာက သူမရဲ့ အစ်မ ပါလို့ ဆိုပါတယ်။ အစ်မ ဖြစ်သူက အင်္ကျီချုပ်တော့ အပ်ထည်တွေကို သူမ ကူညီခွင့် ရတယ်။ မချုပ်တတ် သေးပေမဲ့ အင်္ကျီအတိုင်း ယူတာ၊ ဖျင်စတိုင်း ပေးတာက စတယ်လို့ ဆိုပါတယ်။



မြင်တွေ့နေတော့ အင်္ကျီချုပ်ဖို့ အတွက် ရင်းနှီး ပြီးသားဖြစ်နေ ပါတယ်။ အစ်မ ကလည်း အစ အဆုံး အထူး သင်ပေးစရာ မလိုတော့ တာမို့ လိုတာကို ပြပေးပြီး စက်ချုပ် စသင် ခဲ့ပါတယ် လို့ သူမ ရဲ့အတတ် ပညာ အစကို ပြောပြ ပါတယ်။ နောက်ပိုင်း အပ်ထည်တွေ ကို ကိုယ်တိုင် လက်ခံ ပြီး ချုပ်ပေး နိုင်ခဲ့ ပါတယ်။ ဒါကြောင့် ခင်ဥဝိန်က သူမရဲ့ လက်ဦး ဆရာက သူမ ရဲ့အစ်မ ဖြစ်ပြီး သင်ဆရာ၊ မြင် ဆရာ ဖြစ်ခဲ့ ပါတယ်လို့ ဆိုပါတယ်။ အဲဒီ နောက်တော့ ယုဇန ပလာဇာမှာ ၂၀ဝ၀ ခုနှစ်က ဆိုင်ဖွင့် ဖြစ်ပါတယ်။

ခင်ဥဝိန် အင်္ကျီ ဒီဇိုင်းတွေ ဖန်တီးမှု ကျတော့ ကိုယ့် အတွေးတွေ ပဲလား၊ သင်တန်းတွေ တက်ပြီး လေ့လာ ဖြစ်သေးလား မေးတော့...
၂၀ဝ၃-၂၀ဝ၄ မှာ ထိုင်းနိုင်ငံ ဘန်ကောက် မှာ ဒီဇိုင်နာ သင်တန်း တက်ဖြစ်ပါတယ်။ စင်တီမီတာ နည်းနဲ့ပေါ့။ သူတို့ ဆီက ဒီဇိုင်း အတိုင်းတော့ မဟုတ် ဘူးပေါ့။ ဝတ်မယ့် သူရဲ့ ကိုယ်လုံး အလှ၊ အသားရောင်၊ အသက် အရွယ်၊ ဒါတွေကို ကြည့်ပြီး သင်ထား တဲ့ ဒီဇိုင်းတွေ နဲ့ ကိုယ့်အတွေးတွေ ပေါင်းရတယ် လို့ သူမ ရဲ့ဝတ်စုံချုပ် လုပ်မှုကို ပြောပြ ပါတယ်။
ခင်ဥဝိန် ရဲ့အတွေး ဒီဇိုင်း ကို မော်ဒယ်လ် သက်ဆု နဒီ ရဲ့အလှ နဲ့ ပေါင်းစပ် ဖော်ပြ လိုက်ပါတယ်။
ပထမဆုံး သက်ဆု ဝတ်စုံလေးက အနက်ရောင်လေးပါ။ ကတ္တီပါ ဆွဲသား ဖြစ် တာမို့ ကိုယ်လုံး အလှကို ပိုပြီး ပေါ်လွင် စေပါတယ်။ ကတ္တီပါ ဆွဲသားမှာ ဘော်ကြယ် လေးတွေ ကပ်ထား ပါတယ်။ ငွေရောင် အပြောင်လေးတွေ နဲ့ ကျောက်ပွင့်လေးတွေ မို့ တောက်ပတဲ့ အင်္ကျီ ပုံစံလေး ပါပဲ။
ခဲရောင် ပိုးသား အပြားကို ရင်ဘတ် ဆီမှာ အခွေ ယူထားပြီး ကျောက်ပန်းပွင့် ကပ်ထားတဲ့ အင်္ကျီ ဒီဇိုင်းလေးပါ။ နုနယ်ပြီး အသား ပြည့်တဲ့ သက်ဆု နဲ့ လိုက်ပါတယ်။ စကတ် ကတော့ ရေသူမ စကတ်လေးပါ။ အသားကပ် ဖြစ်ပြီး ခါးမှာ ၂ လက်မ ငွေ ရောင်ဇာပြား ပတ်ပေး ထားပါတယ်။ ငွေရောင် ဇာခါးပတ်လေး ကို ပိုပြီး လှစေတာ က စီးကွင့် ပုတီး စေ့လေးတွေ၊ ငွေကြိုးလေးတွေ အတန်းလိုက် ချထားခြင်း ပါပဲ။ ရိုးရိုး ပုံစံလေးကို Accessories တွေနဲ့ ဖြည့်စွက် ထားပါတယ်။
နောက်တစ်စုံ သက်ဆု အတွက် ရွေးချယ် ပေးတဲ့ အရောင်က အစိမ်းရောင် ဂါဝန်လေးပါ။ ပိုးဂျော်ဂျက် ရောင်ပြေးလေး ဖြစ်ပြီး နှစ်ထပ် ချုပ်ထား ပါတယ်။ ဆန်းမီ ပိုးအလှ ကို အောက် ခံသား နဲ့ နှစ်လွှာ ယူထား ပါတယ်။ အပေါ် ဘက်မှာ အတွန့်အကြီး အထပ် အထပ် ချုပ် ထားပြီး ခါးစည်းမှာတော့ အစိမ်းရောင်ပြောင် သုံးထား ပါတယ်။








သက်ဆုက ငယ်တော့ ကလေးဆန် ဆန် ဘာဘီဂါဝန်လေး ချုပ်ပေး ထားပါတယ်။ အတွန့် အဖောင်းလေးတွေ ပေါ်အောင် စိတ်ရှည်ရှည် ချုပ်ရ တာပါ။ ခါးပတ် အစိမ်း အပြားကြီး မှာတော့ စီးကွင့်နဲ့ ပုလဲလုံး ရွှေရောင်လေးတွေ ကို ခပ်ကျဲကျဲလေး ထည့် ပေးထား ပါတယ် လို့ သူမရဲ့ သက်ဆု အတွက် ဂါဝန် ဒီဇိုင်းလေး အကြောင်း ပြောပြ ပါတယ်။


နောက်တစ်စုံကိုတော့ သက်ဆု အတွက် အသားဆောင်တဲ့ ဗေဒါပြာလေး ရွေးထား ပါတယ်။ ဗေဒါပြာ အနုစကတ်လေး အတွက်တော့ ခင်ဥဝိန် ရဲ့ အတွေးက...


ဟိုးကျွန်မတို့ ငယ်ငယ် က ထီး ဂါဝန်လေးတွေ ဝတ်ရ တယ်လေ။ အတွန့်များများ နဲ့ တစ်ခြမ်းစောင်း စကတ်လေးတွေ ပုံစံပေါ့။ သက်ဆု နဲ့ ဒီလို ဖားဖား လျားလျား ပုံစံလေးက လည်း လိုက်ပါတယ်။ စကတ် ကို ပိုလှအောင် ကတော့ ခရမ်း ရင့်ရင့် ပန်းပွင့်ကြီးတွေပါ ပဲ။



အောက်ခြေဂါဝန် အနားမှာ အပွင့်လှ လှတွေက ထင်း ခနဲ ပေါ်လွင် စေပြီး ဂါဝန်ကို ပိုလှစေသလို သက်ဆုအလှကို လည်း ပိုကြွသွား စေတယ် တဲ့။
အင်္ကျီမှာတော့ ပန်းပွင့်လေးတွေနဲ့ ပုလဲ လုံးလေးတွေကို တစ်ခြမ်းစောင်း အပွင့် ဖော်ထား ပါတယ်။ ဗေဒါပြာ အပြောင်သားလေး မှာ ပုလဲလုံး ပန်းပွင့် အလှလေးတွေ နဲ့ မို့ ပိုပြီး တောက်ပ နေပါတယ်။
အင်္ကျီလေးတွေ ပိုပြီး လှဖို့ အတွက် တော့ စိတ်ကူး တီထွင်မှု လိုပါတယ်။ အင်္ကျီမှာ အခုဆိုရင် accessories တွေ ထည့်သုံးတာ ကလည်း ပိုပြီး လှ စေပါတယ်။ စိတ်ကူး ကောင်းကောင်း ရှိပြီး ပိုလှဖို့ အမြင် မှာ ထင်းခနဲ သိသိ သာသာ လှစေတဲ့ ဒီဇိုင်းလေးတွေ ကိုလည်း အခု လူတွေ ပိုကြိုက် နှစ်သက်ပါတယ် လို့ ဆိုပါတယ်။








ဒီလို ဒီဇိုင်း လှလှ အပြင် တခြား အပ်ထည် တွေရော ခင်ဥဝိန် လက်ခံ ပါသလားလို့ မေးကြည့်တော့...



အပ်ထည် လက်ခံပါတယ်။ နောက်ပြီး သတို့သမီး ဝတ်စုံကို မြန်မာထိုင် မသိမ်းရော၊ အနောက်တိုင်း ဝတ်စုံတွေပါ ချုပ်ပေးပါတယ်။ Evening gown လည်း အပ်ကြ ပါတယ်။ Wedding Dress အနေ နဲ့ ထိုင်မသိမ်း ဝတ်စုံ အပ်သလို Evening gown ကလည်း တစ်ခါတည်း အပ်ကြ ပါတယ် လို့ သူမရဲ့ Wedding Dress ချုပ်လုပ်မှု ကို ပြောပြ ပါတယ်။ Ready-made ချုပ်ပြီးသား လေးတွေလည်း အသင့် ဝတ်ချင် စရာ ခင်ဥဝိန် ရဲ့ဒီဇိုင်း လှလှလေး တွေလည်း ရှိပါတယ်။ Design အသစ်လေးတွေ ချုပ်ဖို့တော့ စိတ်ကူး အတွေးတွေ အပြင် အင်တာနက် က ပုံစံ တွေလည်း လေ့လာ ရပါ တယ်တဲ့။ ဝတ်ဆင်မယ့် သူရဲ့ ကိုယ်လုံး အလှ

အသားရောင်၊ အသက် အရွယ် ကလည်း ဝတ်စုံ တစ်စုံချုပ်ဖို့ အတွက် ဖန်တီးမှု မှာ အဓိက ပါဝင် တဲ့ အချက်တွေ လို့ ဆိုပါတယ်။
ပွဲတက် ဝတ်စုံ၊ သတို့သမီး ဝတ်စုံတွေ အတွက် ကိုတော့ လိုက်ဖက်မယ့် အရောင်၊ ရွေးချယ်မယ့် အင်္ကျီ ဖျင်စ အစရှိတဲ့ လိုအပ်မှာ တွေကို ခင်ဥဝိန် နဲ့ ဆွေးနွေးပြီး အကောင်းဆုံးဖြစ်အောင် စီစဉ် ပေးနေပါတယ်။
ဒါဆိုရင်တော့ ပွဲတက်ဖို့ လည်း ဘာဝတ်ရပါ့၊ ဘယ်လို ဝတ် ရပါ့ဆိုတဲ့ အတွေး နဲ့ ရွေးချယ် မှုအတွက် ဦးနှောက် မစားတော့ဘူး ပေါ့နော်။ အားကိုး စရာ ဒီဇိုင်နာ တွေရဲ့ အလှ ဖန်တီးမှုတွေ ရှိနေ ပါပြီ။

မသက်ဆွေ မှ


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ