this site the web

673..မော်ဒယ်လ် `ဟေသီ´ နှင့် " ဆာရီ အလှ

 



























































လူမျိုးတိုင်း အတွက် ရိုးရာဝတ်စုံလေးတွေ ရှိသလို အိန္ဒိယ ရဲ့ ဝတ်စုံလှလှလေး တွေကို မော်ဒယ်လ် `ဟေသီ´ ရဲ့ အလှနဲ့ တွေ့နိုင် ပါတယ်။







ဆာရီခေါ် ဆာဒီ ဝတ်စုံ လှလှလေးတွေ ကို အိန္ဒိယ အမျိုးသမီးတွေ က လူမျိုး နဲ့ ဘာသာရေး အရ ဝတ်ဆင်လေ့ ရှိပါတယ်။ အဓိက ဝတ်ဆင်တာ ကတော့ အိမ်ထောင်သည်များက သာ ပွဲတက် ဝတ်စုံ၊ ရိုးရာ ဝတ်စုံ အဖြစ် ဝတ်ဆင် ကြခြင်းပါ။ ဟိန္ဒူ ဘာသာရေးပွဲတွေ မှာလည်း အလားတူ ဝတ်ဆင် ကြပါတယ်။ အိန္ဒိယ အမျိုးသမီး အိမ်ထောင် မရှိသူတွေ ကတော့ မိမိတို့ နှစ်သက်ရာ ဝတ်ဆင်ပြီး ပွဲတက်ခြင်း၊ ဘုရားကျောင်း သွားခြင်းတို့ကို ပြုလုပ် ကြပါတယ်။ တကယ်တော့ ဆာရီ ဟာ အိမ်ထောင်သည်တွေ ဝတ်ဆင် ရမယ့် ရိုးရာ ဝတ်စုံလို့ ဆိုရ ပါတယ်။

မင်္ဂလာပွဲ တက်ရာ မှာတော့ သတို့သမီး အတွက် ဝတ်စုံ အလှကို အကောင်းဆုံး ဖြစ်အောင် စီစဉ် ကြပါတယ်။ အခု မော်ဒယ်လ် ဟေသီ က ဆာရီ အလှနဲ့ သတို့သမီး ပုံစံ ဝတ်ဆင် ထားတာ ကို တွေ့ရ ပါမယ်။



အင်္ကျီရော လုံချည်ပါ ဂျပန် ပိုးသား ဖြစ်ပြီး ဘော်ကြယ်လေးတွေ နဲ့ ပုံဖော်ထား ပါတယ်။ အင်္ကျီ ရဲ့ခါးတစ်ပိုင်းမှာတော့ ပုလဲလုံး၊ ကျောက်ရောင်စုံ နဲ့ ရွှေပွင့်လေးတွေ အသွယ်အတန်း ချထားပြီး ဝတ်စုံလေး ကို အလှဆင် ထားပါတယ်။
ဟေသီ ရဲ့ ဆာရီ ကတော့ ဇာဖြစ်ပြီး ပန်းထက် မှာတော့ ဇာပဝါ အစား၊ ဂျပန်ပိုး မှာ ဘော်ကြယ်ထိုး တဲ့ ပဝါကိုပဲ ဘေးတစောင်း ချထား ပါတယ်။ လုံချည်မှာတော့ ဘော်ကြယ် ထိုးထား သလို၊ ဂျပန်ပိုး ပြောင်သား ကိုပါ သုံးထားတာ တွေ့ရ ပါတယ်။
ဘော်ကြယ် အလှ ကိုလည်း ဂျပန်ပိုး အောက်ခံသား အဝါမို့၊ ရွှေရောင်ကို ပဲ သုံးထားတာ တွေ့ရ ပါတယ်။ ပခုံးထက် ဇာပဝါ ရဲ့အနားသား က အတွန့် ပုံဖော် ထားတာမို့ ရိုးစင်း ပေမဲ့ တစ်မျိုးလေး လှပ စေပါတယ်။
ဆာရီ အဖြစ် သုံးတဲ့ ပဝါမှာလည်း ပဝါ အနားသားတွေ ကို ဘော်ကြယ် ရွှေရောင် ပန်းပွင့်လေးတွေ နဲ့ အနားကွပ် ထားပါ တယ်။ ဟေသီ ရဲ့လုံချည် ကတော့ ဂျပန် ပိုးပြောင်စ နဲ့ ဘော်ကြယ် ထိုးထားတဲ့ ဂျပန် ပိုးနှစ်မျိုး ကိုလည်း အလှချုပ် ထားခြင်း ပါပဲ။
ဝတ်စုံ အလှ အပ ပြည့်စုံပြီ ဆိုရင် လက်ဝတ် ရတနာ ဝတ်ဆင် ရပါတော့မယ်။ ဆံပင်ထက်မှ တစ်ဆင့် နဖူး အထိ ကို အလှ အပ ဆင်ကြ သေးတယ်။ တချို့က နဖူး ထက်မှ ရွှေဘယက်၊ ကျောက်ဘယက် တို့ကို ဆံပင်က တစ်ဆင့် သွယ်ကျ စေပါတယ်။
မျက်ခုံး နှစ်ခုကြား နဖူးမှာတော့ အစက် ချပြီး တချို့က စိန်ပွင့်လေးတွေ စီထား ပါတယ်။ အိမ်ထောင်ရှင် ဖြစ်ပြီး သူတို့သာ မျက်ခုံး နှစ်ခုကြားမှာ အစက် ထည့်ခွင့် ရှိပါတယ်။ တချို့ အနီ၊ တချို့ အနက် သုံးကြ ပါတယ်။
လူမျိုးနဲ့ ဘာသာ အလိုက် ကွဲပြား သွားပါတယ်။ အနီ သုံးတဲ့ အခါမှာလည်း ယခု အခါ ငွေရောင် အလက် ကလေးများ နဲ့ စိန်ပွင့်လေး များကို သုံးလာ ကြပါတယ်။
နှာခေါင်း မှာ အလှ ခြယ်ရာ မှာတော့ ကျောက်လေးတွေ ထည့်သလို၊ စိန်ပွင့်လေး တွေလည်း ထည့်ပါတယ်။ နေရောင် မှာ တဖျပ်ဖျပ် လင်းလက် နေတာ ကလည်း အလှ တစ်မျိုး ပဲပေါ့။ တချို့ က နားကပ် ပုံစံ အဝိုင်းလေး တွေ ထည့်ပြီး ကျောက်ရောင်စုံ အသေးလေး တွေ သုံးထား ပါ တယ်။ အချို့ကတော့ တစ်ပွင့်တည်း ဈေးကြီးကြီး စိန်ကို တစ်လုံး တည်းပဲ အသုံးပြု ကြ ပါတယ်။ အခု အခါ မှာတော့ မိန်းကလေးတွေ ရဲ့ အလှ ဆင်မှု အသစ် အဆန်းလေးတွေ ပါပဲ။







လက်ဝတ် ရတနာတွေ ကတော့ နားမှာ နားဆွဲ ကိုလည်း ဝတ်စုံ နဲ့ လိုက်အောင် ဝတ်ဆင် ရွေးခြယ် ကြပါတယ်။ ရွှေရောင် ဝတ်စုံနဲ့ ဟေသီ ကတော့ နားဆွဲ အရှည်လေး ဆွဲထား ပါတယ်။ ရွှေကို သုံးစွဲ ကြတာ များပြီး ထုထည် ကြီးကြီး ဝတ်ဆင် ကြတာလည်း တွေ့ရ သေးတယ်။ လည်ပင်း မှာတော့ မြန်မာတွေ လည်တုံ ဝတ်ကြ သလို လည်ပင်း ကနေ တွဲလောင်းကျ နေတဲ့ လည်တုံ ပုံစံ ဘယက် ကိုပဲ ဝတ်ကြတယ်။

အသက် ကြီးရင့်သူတွေ ကသာ ရွှေ ဃြ ကြိုး၊ ဘတ်ကြိုးလေး တို့ကို ဆွဲကြပြီး ငယ်သူတွေအတွက် ကတော့ အသစ် အဆန်းလေး တွေ ဝတ်ဆင် ကြပါတယ်။ ဟေသီ ရဲ့နှာခေါင်း မှာလည်း စိန်ပွင့် တစ်ပွင့် အလှ ဆင်ထား ပါတယ်။
လက်မှာတော့ အသက်ကြီးသူတွေ က ရွှေလက်ကောက် ဝတ်ဆင် ကြပေမဲ့ လူငယ်ပိုင်း ကတော့ ဟန်းချိန်း ပုံစံကို ဝတ်ဆင် ကြပါတယ်။ ဟေသီ ဝတ်ဆင်တဲ့ ဟန်းချိန်း ကတော့ ရွှေကွင်း အဝိုင်းဆီ ကနေ တွဲလောင်း ကျနေတဲ့ ရွှေကြိုးလေးတွေ ပါပဲ။ ရွှေကို နှစ်သက် ကြသူများမို့ ရွှေနဲ့ တန်ဆာ ဆင်ရာမှာလည်း လက်ကောက်ဝတ်မှာ သာမဟုတ်ဘဲ လက်မောင်းမှာလည်း ရွှေအတန်းလိုက် ကျနေ စေပါတယ်။
ရွှေရောင် အိန္ဒိယ ဝတ်စုံ နဲ့ အလှ ဖက်ရှင်လေး တစ်မျိုးပါ။ ဟေသီ ကို အလှဝတ်စုံ နဲ့ အိန္ဒိယ လူမျိုး မိန်းကလေး အဖြစ်လည်း လှပ နေရုံမက ရွှေရောင် အဆင်း နဲ့မို့ ရွှေမင်းသမီးလေး လို့ ပြောရ မှာပဲ။ ဟေသီ ရဲ့ မင်္ဂလာ သတို့သမီး ဝတ်စုံလေးပါ။ မင်္ဂလာပွဲ အတွက် ချစ်စရာ အိန္ဒိယရိုးရာ ဝတ်စုံ လေးပါပဲ။

မသက်ဆွေရေးသားသည်


Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ