this site the web

660..Gmail’s "Task "

 
Task လို့ခေါ်သော ဒီ feauture ဟာ to do list နဲ့ you need to do အတွက် အသုံးပြုပါတယ် ။
date , notes စတာတို့အပြင် Gmail messages များကိုလည်း Task ထဲမှာ ထည့်သွင်းသိမ်းဆည်းထားနိုင်ပါတယ် ။

ဒီ Tasks ကို အသုံးပြုမယ်ဆိုရင် :

Gmail screen ရဲ့ ဘယ်ဘက် Contacts အောက်တွင် ရှိသော Tasks ကို click လုပ်ပါ ။

ထိုသို့ click လုပ်လိုက်ရင် Task window တစ်ခု ညာဘက် ထောင့်တွင် ပေါ်လာမည် ။ စာရိုက်ထည့်ဖို့အတွက် Tasks window အပေါ်တွင် click လုပ်ပြီး စာရိုက်ကာ enter လုပ်နိုင်ပါသည် ။ Tasks window အောက်ခြေရှိ + Add Taskကို နိပ့်ပြီးတော့လည်း another task တစ်ခု ဖန်တီးနိုင်ပါသည် ။ ဖြတ်ချင်တယ်ဆိုရင် အမှိုက်ပုံးလေးပုံ Delete Task ကို click လုပ်ပါ ။

တကယ်လို့သင်ဟာ inbox မှာ ရှိသော email တစ်ခုကို ကြိုက်လို့သိမ်းထားချင်တယ်ဆိုရင် စာကြောင်းတစ်ခုခုကို select လုပ်ပြီး Shift + T ကို နိပ့်ပါက Task မှာ Automatically သိမ်းထားပေးမှာဖြစ်ပါတယ် ။ Task Window မှ inbox ကို ပြန်သွားချင်တယ်ဆိုရင် Related email ကို click ပြန်လုပ်ရုံပါဘဲ ။ သင်သိမ်းထားချင်သော email များကို အလွယ်တကူ ရှာဖွေ သိမ်းဆည်း ပြန်ဖတ်ရှုနိုင်တာပေါ့ ။

သင်ဟာ keyboard shortcut ကို အသုံးပြုလို့ရအောင်လည်း ဖန်တီးပေးထားပါတယ် ။
Task Window ရဲ့အောက်မှာ Action button လေးကို သင်တွေ့နိုင်ပါတယ် ။ click နိပ့်ကြည့်မယ်ဆိုရင် :
Tab , Shift + Tab , Ctrl + UP , Ctrl + Down , Shift + Enter စသည့်တို့က Task ၏ နေရာကို အပေါ်မှာထားမှာလား ၊ အောက်မှာ ရေးထားမှာလား စသဖြင့် keyboard shortcut ကို အသုံးပြုပြီး ရေးနိုင်အောင် လုပ်ထားပေးပါတယ် ။

ပြီးရင် Switch List ဆိုတာလေးလည်းရှိသေးတယ် ။ သူက New List , Delete List စသည်တို့ လုပ်လို့ရပါတယ် ။

Labels ကို အသုံးပြုခြင်း :
Labels ဟာ folders နဲ့ အတူတူပါပဲ ။ သင်ဟာ အကြောင်းအရာတစ်ခု ၊ တစ်စုံတစ်ယောက်အတွက် labels တွေ ဆောက်ထားလို့ရပါတယ် ။ ဒီ labels ကို Search mail box မှာ label : label name ရိုက်ထည့်ပြီး အလွယ်တကူ ပြန်ကြည့်နိုင်ပါတယ် ။

အခု Gmail ရဲ့ Label အောက်မှာ Personal , Receipts , Travel , Work ဆိုတဲ့ new features များကို တွေ့နိုင်ပါတယ် ။
သင်ဟာ အဲဒိ labels များကိုလည်း edit, delete လုပ်လို့ရပါတယ် ။

ပထမဆုံး label တစ်ခုဖန်တီးဖို့အတွက် :

Personal , Travel အောက်က 6 more ဆိုတဲ့ dropdown ကို click လုပ်မယ်ဆိုရင် အောက်ဆုံးမှာ Creat a new label ကို တွေ့ပါလိမ့်မယ် click လုပ်ပါ ။ New Label box တစ်ခု ကျလာလိမ့်မယ် ။ Label name ပေးပြီး enter လုပ်ပါ ။ ဒါဆိုရင် သင်ပေးလိုက်သော label name ဟာ Labels Group ထဲရောက်သွားပါလိမ့်မယ် ။

သင်ဟာ Setting အောက်က Labels Tag ကိုလည်း တိုက်ရိုက်သွားနိုင်ပါတယ် ။
ဒါဆိုရင်သင်ဟာ System Labels နဲ့ Labels ဆိုပြီး မြင်တွေ့နိုင်ပါတယ် ။
System Labels ဆိုတာ Inbox, Starred, Chats, Sent Mail, Drafts, All Mail, Spam, Trash တို့ကိုပြောတာပါ ။
ဒီ System Labels အားလုံးကို Show , Hide လုပ်နိုင်ပါတယ် ။

Labels မှာကျတော့ သင်ဟာ Create a new label မှာ click တစ်ချက်နိပ့်ပြီး label name ရေးပါ ၊ Create button မှာ click လုပ်မယ်ဆိုရင် label name အသစ်တစ်ခု ပေါ်လာပါလိမ့်မယ် ။
ဒီ Labels တွေကိုတော့ သင်က Show All, Hide All အပြင် remove ပါ လုပ်နိုင်ပါတယ် ။

သင်ဟာ အုပ်စုလေးတွေဖွဲပြီး သင်ပေးထားသော label name ထဲမှာ သိမ်းထားချင်တယ်ဆိုရင် အရင်ဆုံးသင်သိမ်းထားချင်သော email ကို ဖွင့်ပါ ။ ပြီးရင် အပေါ်ဘက်တွင်ရှိသော Labels ရဲ့ dropdown ကို click လုပ်ပါ ။ label name တွေ အများကြီးတွေ့လိမ်မယ် ။ သင်ပေးထားသော label name ကို ရွေးလိုက်ပါ ။ ဒါဆိုရင် Gmail ရဲ့ message လေးဖြစ်သော The conversation has been added to label name ဆိုတဲ့ label ထဲသို့ ထည့်လိုက်ပြီလို့ပြောပါတယ် ။ သင့်ရဲ့ label သို့သွားကြည့်ပါ ရောက်နေပါလိမ့်မယ် ။

သင်ရဲ့ label ထဲကို inbox က email တွေ save လုပ်ထားတယ်ဆိုပေမယ့် inbox မှာလည်း အဲဒိ email က ရှိနေပြန်တယ် ။ label ထဲမှာ လည်းရှိတယ် ၊ inbox ထဲမှာ လည်းရှိတယ် ။ inbox ထဲမှာ မရှိစေချင်ဘူး ၊ မမြင်ချင်ဘူးဆိုရင် ဘယ်လို လုပ်မလဲ ။ လွယ်ပါတယ် label ထဲမှာ save လုပ်ပြီးသွားတဲ့ inbox က email ကို Archive လုပ်လိုက်ရုံပါပဲ ။ Archive ဆိုတာက သင်က inbox မှာ မမြင်ချင်သော email များကို delete လုပ်စရာ မလိုပဲ All Mail ထဲသို့ ပြောင်းရွှေ့သိမ်းထားပေးတာဖြစ်ပါတယ် ။ Archive လုပ်ချင်တယ်ဆိုရင် inbox မှာ email ပို့သူရဲ့ အမည် ဘေးက check box လေးမှာ အမှန်ခြစ်လေးပေးပြီး Archive ကို click လုပ်ပါ ။
ဒါဆိုရင် သင်အမှန်ခြစ်ပေးလိုက်သော inbox က email တွေကို သင် တွေ့ရမှာ မဟုတ်တော့ပါဘူး ။ All Mail ကနေ သွားပြန်ကြည့်မယ်ဆိုရင်တော့ ပြန်တွေ့ရမှာ ဖြစ်ပါတယ် ။

label မှာ ရှိသော email များကို inbox သို့လည်းကောင်း တခြား label သို့လည်းကောင်း ပြောင်းရွှေ့နိုင်ပါသည် ။ ထိုသို့လုပ်ချင်တယ်ဆိုပါက Move to button လေးကို အသုံးပြုရမှာ ဖြစ်ပါတယ် ။

ကျွန်တော်တို့ဟာ စာရေးရင်း Compose လုပ်နေတုန်းမှာ တပြိုင်တည်း စာဖတ်လို့ မရပါဘူး ။ အခု new feature မှာ shortcut လေးတစ်ခုပါလာတယ် ။ ဘာလုပ်လို့ရလဲဆိုတော့ compose လုပ်ချင်တယ်ဆိုရင် Compose Mail မှာ Shift ကို ဖိထားပြီး click နိပ့်ပါ ။ Shift + click ပေါ့ ။ ဒါဆိုရင် စာရေးဖို့အတွက် new window လေး တစ်ခုပေါ်လာလိမ့်မယ် ။ ဒါဆိုရင် သင်ဟာ inbox က စာတွေကို ဖတ်ရင်း တဘက်မှာ Compose စာတွေရေးနိုင်မှာ ဖြစ်ပါတယ် ။

Labs ရဲ့ features အသစ်တွေကတော့ YouTube, Picasa, Flickr နဲ့ Yelp တို့ကို previews ကြည့်နိုင်စေတာဖြစ်ပါတယ် ။
Gmail ရဲ့ ညာဘက်မှာ photos ၊ videos တွေကို reviews ကြည့်လို့ရတယ်ပေါ့ ။ Setting အောက်က Labs ထဲက သွားပြီး ဒီ service ကို Enable , Disable လုပ်ရုံပါပဲ ။

Labs ရဲ့ နောက်ထပ် အသစ်တစ်ခုက Undo send ဖြစ်ပါတယ် ။
Oops, hit “Send” too soon? Send နိပ့်မိသွားလား ? ဟုတ်ကဲ့ ဒီလိုဖြစ်သွားတယ်ဆိုရင် sending လုပ်နေတာကို cancel လုပ်ဖို့ အချိန်ပေးပါတယ် ။ နောက်တစ်ကြိမ် ပြန်မပို့ခင် edit လုပ်နိုင်စေပါတယ် ။ Setting အောက်က Labs ထဲမှာ ရှိပါတယ် ။

နောက်တစ်ခုက Offline ဖြစ်ပါတယ် ။ သင်ဟာ Internet နဲ့ မချိတ်ထားသောအခါမှာလည်း Gmail နဲ့ အလုပ်လုပ်လို့ရပါတယ် ။ Settings အောက်က Labs tab မှာ offline access ကို Enable လုပ်လိုက်ပါ ။
သင့်ကို Gmail’s gear , install လုပ်ခိုင်းပါလိမ့်မယ် ။ ခဏလေး စောင့်ရမယ် ။ 10 မိနစ်လောက်ပေါ့ ။

Labs မှာ new features 15 ခု ထည့်သွင်းထားပါတယ် ။ တခြား feature များကိုလည်း စမ်းကြည့်ပါ ။
Ref:Zaw Win Tun




Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ