this site the web

659.. သင့် ကွန်ပျူတာကို ဘယ်သူတွေကို ပေးသုံးမလဲ ?

 
သင့်ရဲ့ ကွန်ပျူတာကို မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေ ၊ လုပ်ဖော်ကိုင်ဘက်တွေ စသဖြင့် ဘယ်သူတွေကို သုံးစွဲခွင့်ပေးမယ် ၊ ဘယ်သူတွေကိုဖြင့် သုံးခွင့်မပေးဘူး စသဖြင့် ကန့်သက်ထားလို့ ရပါတယ် ။ သင့် ကွန်ပျူတာကို ဘယ်သူတွေက remote access အဝေးကနေယူသုံးနေတယ်ဆိုတာကို သိဖို့ကတော့ အတော်လေးခက်ပါတယ် ။ သင့်မှာ ကွန်ပျူတာရှိတယ် ၊ network နဲ့ ချိတ်ဆက်ထားတဲ့ ကာလပတ်လုံး သင့်ရဲ့ သတင်းအချက်အလက်တွေ ပျောက်ဆုံးမှု ၊ ထိခိုက်မှု တွေ ရှိနိုင်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သင်ဟာ ပိုမိုခက်ခဲစေတဲ့ နည်းလမ်းတွေကို အသုံးပြုသင့်ပါတယ် ။

သင့်ရဲ့ ကွန်ပျူတာကို Lock လုပ်ထားပါ ။ သင်ဟာ ကွန်ပျူတာရှေ့မှ ခဏကလေး ထွက်သွားလိုက်တာနဲ့ တစ်စုံတစ်ယောက်အတွက် သင့်ရဲ့ information တွေကို နှောက်ယှက်ဖို့ အချိန်ရစေပါတယ် ။ သင့်ရဲ့ ကွန်ပျူတာကို Lock လုပ်ထားမယ်ဆိုရင် တခြားသူများဟာ သင့်ကွန်ပျူတာကို အသုံးပြုလို့ရမှာ မဟုတ်ပါဘူး ။

* Lock your computer
ပထမဆုံး Control Panel ထဲက User Accounts မှာ Fast User Switching Enabled လား ၊ Fast User Switching Disabled ဖြစ်နေသလား သိဖို့လိုပါတယ် ။ Window Screen Enable ဖြစ်နေတယ်ဆိုရင် Ctrl + Alt + Del ကို နိပ့်ရင် Task Manager ပေါ်လာပါတယ် ။ Shutdown Tab အောက်က Switch User ကို နိပ့်ရင် Lock လုပ်ပေးပါတယ် ။ သင်ဟာ Welcome Screen ကို ရောက်သွားပြီး User Accounts တွေကို တွေ့ရမှာ ဖြစ်ပါတယ် ။ computer ကို unlock ပြန်လုပ်ချင်တယ်ဆိုရင် သင်သုံးချင်သော User Accounts မှာ password ရိုက်ထည့်မှသာ logged-on လုပ်နိုင်မှာ ဖြစ်ပါတယ် ။

Fast User Switching Disabled ဖြစ်နေတယ်ဆိုရင် Ctrl + Alt + Del ကို နိပ့် ရင် Windows Security dialog box ကို မြင်ရမှ ဖြစ်ပါတယ် ။ ဒါဆိုရင် သင်ဟာ username နဲ့ password ရိုက်ထည့်ရပါလိပ့်မယ် ။

Shortcut နောက်တစ်ခုက Windows logo key + L ဖြစ်ပါတယ် ။

သင့် computer ရဲ့ desktop မှာ shortcut လုပ်ချင်တယ်ဆိုရင် :

1.Right-click the desktop.

2.Point to New, and then click Shortcut.

3.The Create Shortcut Wizard opens. In the text box, type the following:
rundll32.exe user32.dll,LockWorkStation

4.Click Next.

5.Enter a name for the shortcut. You can call it “Lock Workstation” or choose any name you like.

6.Click Finish.

သင့် စိတ်ကြိုက် desktop icon , shortcut key တွေ ပေးလို့ရပါသေးတယ် ။ တခြား keyboard , mouse, pc တို့ကို lock လုပ်ပေးသော software တွေကိုလည်း အသုံးပြုနိုင်ပါတယ် ။

သင်ဟာ အင်တာနက်ကို မသုံးတော့ဘူးဆိုရင် သင့်ကွန်ပျူတာကို အင်တာနက်နဲ့ ချိတ်ဆက်မထားပါနဲ့ ။ Disconnect လုပ်လိုက်ပါ ။ သင့်ကွန်ပျူတာကို အင်တာနက်နဲ့ အမြဲတန်းချိတ်ဆက်ထားခြင်းဟာ attackers တွေ အတွက် တိုက်ခိုက်ဖို့ အခွင့်အရေး ရစေပါတယ် ။ သင်ဟာ အင်တာနက်ကို အသုံးမပြုတဲ့ အချိန်မှာ wireless connection ကိုပါ disable လုပ်ထားပါ ။ computer or modem ကို ပိတ်ထားပြီး network cables ကြိုးကိုပါ ဖြုတ်ထားလိုက်ပေါ့ ။ သင်ဟာ အင်တာနက်ကို အသုံးပြုဖို့ ပြန်လည် ချိတ်ဆက်တဲ့အခါမှာ firewall ကို enable လုပ်ထားသလားဆိုတာကို စစ်ဆေးပါ ။

*Firewall
firewall ဟာ သင့်ကွန်ပျူတာကို attackers ရန်မှ ကာကွယ်ပေးပါတယ် ။ ဒါ့အပြင် network မှ malicious virus or worm တွေ သင့် ကွန်ပျူတာထဲသို့ ၀င်မလာအောင် ကာကွယ်ပေးပါတယ် ။ သင်ဟာ အင်တာနက်သုံးနေတယ်ဆိုရင်လည်း မလိုအပ်သော internet traffic တွေကို block လုပ်ပေးပါတယ် ။ window xp မှာ built-in ပါလာတဲ့ window firewall ဆိုတာ ရှိပါတယ် ။ လေ့လာကြည့်ပါ ။

သင်ဟာ window firewall ကို off လုပ်ပြီး အင်တာနက်သုံးနေတယ်ဆိုရင် သင်ဟာ website တစ်ခုခုမှ download လုပ်သောအခါတွင် hidden threats တွေ ဖြစ်တဲ့ rookits , botnes တွေ သင့် ကွန်ပျူတာထဲသို့ ၀င်လာမှာ ဖြစ်ပါတယ် ။

Rootkit ဆိုတာ software အသေးစားလေးပါပဲ ။ သင်ကိုယ်တိုင် မသိလိုက်ပဲနဲ့ သူ့ဘာသာသူ installed လုပ်ပြီး သင့် ကွန်ပျူတာထဲမှာ hidden ကိုယ်ရောင်ဖျောက် နိုင်သူပေါ့ ။ အတော်ဆိုးတဲ့ Rootkit ပါ ။ Attacker ဟာ ဒီ rootkit ကို သုံးပြီးတော့ information တွေကို ရယူနိုင်ပါတယ် ၊ သင့်ရဲ့ လှုပ်ရှားမှုကို monitor စောင့်ကြည့်နိုင်ပါတယ် ၊ programs တွေကို modify လုပ်နိုင်ပါတယ် ၊ တခြား functions တွေကိုလည်း အသုံးပြုနိုင်ပါသေးတယ် ။

Botnet ဆိုတာ bot networ က လာတယ် ထင်တယ် ။ Botnet ကို ပြောရရင် automated computer program ဒါမှမဟုတ် robot တွေပေါ့လေ ။ သူတို့ကိုလည်း တစ်စုံတစ်ယောက်က control လုပ်တာပါပဲ ။

ဒါကြောင့် သင်ဟာ အင်တာနက် မှ software တွေ download အရမ်းလုပ်တယ်ဆိုရင် သင်ဟာ Certificated Web Sites တွေမှသာ download လုပ်သင့်ပါတယ် ။

Browsers , email programs အပါအ၀င်ပေါ့လေ Software အများစုမှာ သင့်လိုအပ်ချက်နဲ့ကိုက်ညီသော features တွေ ပါဝင်ပါတယ် ။ သင့်ရဲ့ Secirity ကို ပိုမိုကောင်းမွန်စေဖို့အတွက် အဲဒိ features တွေကို enable လုပ်ပေးရမှာ ဖြစ်ပါတယ် ။
သင်ဟာ patch သို့မဟုတ် software တစ်ခုရဲ့ new version တွေကို install လုပ်တော့မယ်ဆိုရင် အဲဒိ installation ဟာ သင့်ကွန်ပျူတာ system ကို ထိခိုက်မှုရှိတယ် မရှိဘူးဆိုတာကို သင်မြင်တွေ့နိုင်ပါတယ် ။ ဒါကြောင့် သင်ဟာ တကယ်ပဲ အသုံးပြုဖို့ လိုအပ်တယ် မလိုအပ်ဘူးဆိုတာကို စဉ်းစား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ် ။

တစ်ခါတစ်လေ ထိခိုက်မှုတွေက လူကြောင့်ဖြစ်တာ မဟုတ်ဘဲ သဘာဝ ဘေးအန္တာရယ်ကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

သင့်ရဲ့ data တွေကို back up လုပ်ထားပါ ။ သင်ဟာ back up ပုံမှန်လုပ်ပြီး CD ထဲမှာ သိမ်းထားခြင်းဖြင့် သင့်ရဲ့ file တွေ ပျောက်ဆုံးခြင်းကို ကာကွယ်နိုင်ပါတယ် ။ virus or worm တွေကို လည်း ကြောက်စရာ မလိုတော့ဘူးပေါ့ ။ အရေးကြီးတဲ့ important information တွေလည်း မပျောက်တော့ဘူးလေ ။
Ref:Zaw Win Tun





Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ