this site the web

631..အလှကုန်ပစ္စည်းအတုနှင့်ကျန်းမာရေး

 

ပုရိသ တို့ကိုဖမ်းစား နိုင်လောက် သော အလှတရားပြုပြင်ချက်များ၏ နောက်ကွယ် တွင် မိမိ၏အလှစစ်ကို ရေစီးကမ်းပြိုပြုလုပ်နိုင်စွမ်းရှိသော အရာများမှာ ဈေးချိုသာ သော၊ အရည်အသွေးနိမ့် ပါးသော အလှကုန် ပစ္စည်းများဖြစ်နေပြီး ကမ္ဘာလုံး ဆိုင်ရာ အမျိုးသမီးထု ၏အသားအရေကို ခြိမ်း ခြောက်နေသော ကိစ္စတစ်ရပ်လည်း ဖြစ် သည်။

သနပ်ခါးအတုကပေးတဲ့ဒုက္ခ

ရှင်မတောင် သနပ်ခါး ၀ါညက်ညက် ကလေးနှင့်လှနေသော အမျိုးသမီးလေး များကိုခြိမ်းခြောက်လာသည်က ကာ လာစုံအလှကုန်ပစ္စည်းများနှင့် သနပ်ခါး အတုများပင်ဖြစ်သည်။

အထူးကုဆေးခန်းကြီးတစ်ခုမှ အရေပြားဆိုင်ရာ ကျွမ်းကျင်ဆရာဝန် ကြီးတစ်ဦးက “သနပ်ခါးလိမ်းတာဟာအသားအရေအတွက် အကောင်း ဆုံးပါပဲ။ ဒါပေမဲ့ ဒီအကြောင်းကို အသုံးချပြီး စီးပွားရေးသောင်း ကျန်းသူတွေရဲ့ လုပ်ဆောင်ချက်က တစ်ဖက်သားအတွက် နစ်နာစရာ ပါ။ သနပ်ခါးဆိုတာ စစ်ဖို့ပဲလိုပါတယ်။ ဈေးကွက်ထဲမှာ ရောင်းပန်းဝင်အောင် လှပအောင် တခြား ဆိုးဆေးတွေ၊ အခေါက်ကို ကော်ကပ်တာတွေ မလုပ်သင့်ပါဘူး” ဟုဆိုသည်။

ဝင်ငွေနဲ့ချိန်ပြီးဝယ်သုံး

လခစားဝန်ထမ်း အဖြစ် လုပ်ကိုင် သည့် အမျိုးသမီး များမှာ သူတို့ရ ရှိသော ၀င်ငွေ အပေါ်အလှ ကုန်အ တွက် အချိုးအစားသတ်မှတ်ပြီး အသား အရေလည်း မပျက်စီးအောင် ငွေကုန် လည်းသက်သာအောင် စီမံ လာကြကြောင်း ဒဂုံစင်တာတွင် အ လုပ် ဆင်းနေသည့် စူပါမားကက် ၀န်ထမ်း အမျိုးသမီးအချို့က ပြောကြားသည်။

“သုံးနိုင်သလောက်နဲ့ပဲ သုံးမယ်။ လှချင်လွန်းလို့ အလှပျက်သွားတာတွေ မ နည်းဘူး။ သူငယ်ချင်း တွေထဲမှာလည်း ဒီလို ဖြစ်သွားတာတွေရှိ တယ်။ ဈေးကြီးပေး ၀ယ်ပြီးမှ မျက်နှာ မှာ အဖုထွက်လာတာမျိုး တစ်နေ ရာကဖြူပြီး တစ်နေရာက နီနေတာ မျိုးဖြစ်သွားကြတယ်။ အလှကုန် ပစ္စည်းဝယ်သုံးတယ်ဆိုတာ ဈေးကြီး ဖို့မလိုဘူးထင်တယ်။ ကိုယ့်အသား အရေနဲ့ လိုက်လျောညီထွေရှိတဲ့ ပစ္စည်းကို ၀ယ်သုံးနိုင်ရင် ပြီးတာပဲ။ ၀င်ငွေနဲ့လည်း ချိန်ရသေးတယ်။ တစ်လမှ ငါးသောင်းလောက်ပဲရ တာ။အလှပြင်ဖို့အတွက် နှစ်သောင်း ကုန်မယ်ဆို သိပ်မဟုတ်သေးဘူး။ ၀င်ငွေများများရတဲ့သူက သုံးချင်သုံး မှာပေါ့”ဟု ၀န်ထမ်းအမျိုးသမီး တစ် ဦးကဆိုသည်။

အသက်ကြီးလေ လိုလေ

အသားအရေ ထိန်းသိမ်းခြင်း နှင့်ပတ်သက်၍ အရည်အသွေးမြင့် အလှကုန်ပစ္စည်းများကို အသက် ၄၀ကျော် အရွယ် အမျိုးသမီးများ သုံးစွဲမှုများ လာကြောင်းဗိုလ်အောင်ကျော်လမ်း ရှိ နာမည်ကျော်အလှပြင်ဆိုင် တစ်ခု မှအလှပြင်ပေးသူတစ်ဦးကဆိုသည်။

“အသားအရေလျော့ကျလာ တာကို မလိုချင်ကြတော့ဘူး။ ဒီ တော့ အသားအရေတင်းပြီး စိုပြည် စေတဲ့အလှကုန်ပစ္စည်းတွေကို ဆယ် ကျော်သက်တွေထက် ပိုကြိုက်ကြ တယ်။ ဒါကသဘာဝပဲလေ။ ဘယ် သူမှမအိုချင်ကြဘူး။ လှချင်ကြတယ်။ အဲဒီမှာတစ်ခုပြောချင်တာက သုံးစွဲ တာ မှန်ဖို့လိုတယ်။ မျက်နှာကို အလှ ပြင်တာနဲ့ပတ်သက်ပြီး သုံးရတဲ့ ပစ္စည်းတော်တော်များများမှာ ဓာတု ဗေဒ ပစ္စည်းတွေပါတယ်။ ဒီပစ္စည်း တွေက သူ့အချိုးအစားနဲ့သူ ထည့်ရ တာပါ။ ပိုသွားရင် အသားအရေ ပျက်စီးမယ်။ လျော့သွားရင် လိုချင် တဲ့ အရည်အသွေးမရဘူး။ ဒါကို ကမ္ဘာမှာနာမည်ကြီးတဲ့ အလှကုန် ထုတ်လုပ်ရေးတွေက သိပ်ဂရုစိုက် ကြတယ်။ နာမည်ကောင်းရဖို့အ တွက် အမြဲဂရုစိုက်ကြတယ်။ တချို့ က လိမ်းရမှာကို ကြောက် တယ်။ အလှပြင်ဆိုင်တွေမှာ မေးမြန်း ၀ယ်ကြတာရှိတယ်။ အလှကုန်အကြောင်း နှံ့စပ်သူ တွေထဲမှာ အလှပြင်ဆိုင်လုပ် ငန်း လုပ်ကိုင်နေတဲ့သူတွေရှိ တယ်”ဟု အဆိုပါအလှပြုပြင်သူ က ရှင်းပြသည်။

အဆိပ်တွေကိုလက်ခံ

လူတွေကို ဒုက္ခပေးတတ်သော အဆိပ်များအကြောင်း နှံ့စပ်ကျွမ်း ကျင်သူ ဆရာဝန်ကြီးတစ်ဦးကတော့ နှုတ်ခမ်းနီကို ထောက်ပြပြောကြား သည်။ နှုတ်ခမ်းနီမှာ ခဲဆိပ်တွေ ပါဝင်ပြီး သုံးစွဲသည့်နှစ်ကြာလာ သည်နှင့်အမျှ ခဲဆိပ်သင့်လာ နိုင်ကြောင်း ပညာပေးပြောကြား သည်။ “သဘာဝနှုတ်ခမ်း အရောင် ကလေးနဲ့တင်းတိမ်နိုင်ရင်အကောင်း ဆုံးပါပဲ။ တကယ်လို့ ဆိုးချင်တယ် ဆိုရင်တောင် လျှာနဲ့မသပ်မိ အောင် အထူးဂရုစိုက်ပါ။ တစ်နေ့ တစ်ကြိမ်လောက်ပဲ ဆိုးစေချင် တယ်။ များများဆိုးလေ ကြာရင် ဒုက္ခပေးလေပဲ။ နောက်တစ်ခု အကြံပေးချင်တာက နှုတ်ခမ်းဟာ ရေရှည်သုံးရတဲ့အတွက် အရည် အသွေးကောင်းတာကို သုံးစေချင် တယ်။ နောက် သမီးငယ်ရှိတဲ့ မိဘ တွေ …ကလေးက မိန်းကလေး ဆိုတော့လှချင်တယ်။ နှုတ်ခမ်းနီ ၀ယ်ပေးဖို့ ပူဆာတတ်တယ်။ လမ်း ဘေးက တွေ့ကရာနှုတ်ခမ်းနီဝယ် ပေးပြီး နားအေးပြီးရော မလုပ်စေ ချင်ဘူး။ ကလေးဆိုတာ ဘာမှမသိ ဘူး။ အထပ်ထပ်ဆိုးနေမယ်။ အနံ့ က မွှေးနေတော့ လျှာနဲ့ခဏခဏ လျက်တတ်တယ်။ ကိုယ့်ကလေး ကို ခဲဆိပ်သင့်စေတာနဲ့အတူတူပဲ” ဟု ဆက်လက်ပြောကြားသည်။

မိမိကိုယ်ကိုလှပအောင် ပြင် ဆင်နေထိုင်ခြင်းသည် မိန်းကလေး တို့ တတ်အပ်သော ပညာရပ် တစ်ခု ဖြစ်သည် ဆိုသော်လည်း အဆိုပါပြုလုပ်ချက်သည် မိမိကို ဒုက္ခဖြစ်စေနိုင်ကြောင်း သတိ ထားရန်၊ မလိုအပ်ဘဲပြုပြင်ခြင်း မပြုလုပ်ရန် လိုကြောင်း၊ အသား အရေအတွက် သုံးစွဲကြရာတွင် သဘာဝအလှကုန်များကို သုံးစွဲ ခြင်းက ပိုကောင်းပြီး မိမိအတွက် လည်း ဥပဒ်ကင်း၍ ငွေကုန်ကြေး ကျ သက်သာကြောင်း ကာလာစုံ လှပသော မျက်နှာထက် စိုပြည် သော အသားအရေနှင့် သန့်ရှင်း သော မျက်နှာများပိုင်ဆိုင်ထားဖို့ ကသာ အရေးကြီးကြောင်း အထက်ပါ အရေပြားဆိုင်ရာ ကျွမ်းကျင်ဆရာဝန်ကြီးက ဆက် လက်ပြောကြားသည်။





Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ