this site the web

557..Gmail To Gmail Backup

 
ပထမဦးစွာ မိမိရဲ့ စာတွေပြောင်းထည့်လိုတဲ့ (လက်ခံမယ့်) Gmail Account ကို ဖွင့်လိုက်ပါ။

၁။ Settings ကို သွားပါ။

၂။ Account tab ကို နှိပ်ပါ။

၃။ Add a mail account you own ကို နှိပ်ပါ။

၎။ ထို့နောက်တွင် pop up window တစ်ခု ကျလာပါမယ်။ မိမိ၏ Back Up ယူလိုသော Mail ကို ရိုက်ထည့်ပါ။

၅။ Next Step ကို နှိပ်ပါ။

၆။ အောက်တွင် ဖော်ပြထားသော Window သို့ရောက်သွားပါမယ်။ မိမိ၏ Back up ပြုလုပ်လိုသော Mail ၏ Username နှင့် Password ကို ဖြည့်လိုက်ပါ။
(စကားချပ်။ ။ယခုလက်ရှိ login ဝင်ထားသော Mail သည် နောက်မှ ရယူထားသော မေးလ်အကောင့်အသစ်တစ်ခု ဖြစ်ပါတယ်။)

၇။ Pop Server Name ကို Drop Down တွင်ရွေးပေးပါ။ ထို့နောက် Port No. ကို ရွေးချယ်ပေးပါ။ သို့မဟုတ်ပါက Default အတိုင်းရွေးချယ်ပြီးသားကိုသာ အသုံးပြုလိုက်ပါ။
(ကျနော်ကတော့ ဒီတိုင်းပဲ သုံးလိုက်ပါတယ်။)

၈။ မိမိမှ Mail များကို Back Up ယူလိုက်ပါက မူလဆာဗာတွင်လည်း စာများမပျက်စေရန် copy ကျန်စေရန်အတွက် Leave a copy of retrieved message on the server ကိုရွေးနိုင်ပါတယ်။
(Gmail အတွက်တော့ ဒီအဆင့်မလိုအပ်ပါ။ ကျော်သွားနိုင်ပါတယ်။ မူလမေးလ်တွင်လည်း စာများမပျက်သွားပါ။)

၉။ Mail Backup ပြုလုပ်နေစဉ် လုံခြုံမှုရှိစေရန် SSL Connection ကို ရွေးချယ်နိုင်ပါတယ်။

၁၀။ backup mail များကို label တပ်လိုပါကလည်း Label incoming messages အောက်တွင် တပ်နိုင်ပါတယ်။

၁၁။ ထို့နောက် Add Account ကို နှိပ်လိုက်ပါ။

၁၂။ ထို့နောက်တွင် မိမိ၏ လက်ရှိအကောင့်အသစ်မှ အဆိုပါလိပ်စာအမည်ဖြင့် ပို့လိုပါသလားလို့ မေးပါမယ်။
Yes ကို ရွေးပါက အရင်မေးလ်လိပ်စာအမည်ဖြင့် မိမိ၏အကောင့်အသစ်မှ ပို့ပေးနိုင်ပါမယ်။
No ကို ရွေးလိုက်ပါကလည်း နောက်ပိုင်း မိမိဘာသာ Gmail Settings မှ ဝင်ပြင်နိုင်ပါတယ်။

၁၃။ Next Step ကို Click ပေးပါ။

၁၄။ ယခုအခါတွင် Get mail from other accounts: ဘေးတွင် မိမိ၏ လိပ်စာအဟောင်းနှင့် Checking Mail ဟူ၍ ပေါ်နေမယ် ဖြစ်ပါတယ်။
မကြာမီအချိန်ကာလအတွင်းမှာ မေးလ်များကို စတင်၍ auto retrieve လုပ်သွားပါ့မယ်။
ချက်ချင်းကြီးတော့ ဝုန်းဒိုင်းဆိုပြီး ဟိုထဲကစာတွေ ဒီထဲတော့ အကုန်တန်းမဝင်လာပါဘူး။
Gmail မှ sign out လုပ်လိုက်ပါကလည်း သူ့ဘာသာဆက်လက် back up ဆွဲနေမည်သာ ဖြစ်ပါတယ်။

၁၅။ အကယ်၍ မိမိရဲ့ Mail အဟောင်းမှ Contacts list ကိုပါ back up ပြုလုပ်လိုပါက Contacts ကို သွားပါ။ Export ကို ရွေးပေးပါ။

၁၆။ Contacts List အကုန်လိုချင်ပါက Everyone (All Contacts) ကို ရွေးချယ်ပေးပါ။

၁၇။ ထို့နောက် Export ကို နှိပ်ပါ။ ဖိုင်လမ်းကြောင်းပေးပြီးတော့ သိမ်းလိုက်ပါ။

၈။ ထို့နောက်တွင် မိမိ Back Up မည့် မေးလ်အကောင့်အသစ်မှ Contacts မှ Import ကို အဆင့် ၁၅ တွင် ပြထားသည့်အတိုင်းသွားပါ။

၁၉။ Browse မှတဆင့် အဆင့် ၁၇ တွင် သိမ်းဆည်းထားသည့် လမ်းကြောင်းကို ပြန်ပေးလိုက်ပါ။ Import ကို ရွေးချယ်လိုက်ပါ။ Contacts များကို မူလမေးလ်တွင် သိမ်းထားသကဲ့သို့ မိမိ၏မေးလ်အသစ်ထဲသို့ ဝင်လာပါလိမ့်မယ်။






Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ