this site the web

436..Goodbye .. King of Pop

 

Wednesday, July 08, 2009

Goodbye .. King of Pop


အနုပညာအရည်အသွေးများ တောက်ပြောင်နေခဲ့သော ကြယ်တစ်ပွင့် ကမ္ဘာမြေပေါ်က အပြီးပိုင် ကြွေလွင့်သွားခဲ့ရပြီ။ ထွက်ခွာသွားခဲ့သော သတင်းတွေ စတင်ထုတ်လွှင့်ကတည်းက ရင်ထဲမှာ သူ့အတွက် စိတ်မကောင်းဖြစ်ခဲ့မိတာ အကြိမ်ကြိမ်။ ပြည်သူချစ်သော သူရဲကောင်းတွေ ၊ အနုပညာရှင်တွေ ၊ ခေါင်းဆောင်ကောင်းတွေ ကြွေလွင့်သွားတိုင် ရင်ထဲဖြစ်ပေါ်လာသော ခံစားမှုများက ဆိုးရွားနာကျင်လှသည်။ သူသီဆိုခဲ့သော ၊ သူ့နှလုံးသား အနုပညာအရည်အသွေးများကို နေ့စဉ် အချိန်တိုင်းလိုလို ထုတ်လွှင့်ပြသနေသော Channels တွေကို ထိုင်ကြည့်ဖြစ်ရင်း နှမြောတသသ ပိုမိုဖြစ်နေမိသည်။ “ထွက်ခွာသွားခြင်း”ဟာ သူ့အတွက် အေးချမ်းခြင်းသာ ဖြစ်စေတယ်လို့ လူအများစု ယုံကြည်ဖြေသိမ့်ကြပေမယ့် ဒီထက်ပိုမိုကောင်းမွန်သော စိတ်နှလုံးသားအေးချမ်းမှုများဖြင့်သာ သဘာဝကြီး၏ မလွန်ဆန်နိုင်မှုအဖြစ် ကျွန်တော့စိတ်ထဲ ဖြစ်စေချင်မိသည်။





လူမျိုးမရွေး ဘာသာမရွေး သူ့အရည်အသွေး ၊ အနုပညာကို ချစ်မြတ်နိုးကြသည်။ အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီးက ဤကမ္ဘာမြေပေါ်တွင် အကြိမ်ကြိမ်ဖြစ်ထွန်းနေသည်။ သူ့ စွမ်းအင် ၊ ခွန်အားများဖြင့် အကောင်းဆုံး ကြိုးစားထားသော အနုပညာများကို နားဆင်ကြည့်ရှုရင်း ရင်ထဲမှ လှိုက်လှဲစွာ ဆုတောင်းပေးဖြစ်ခဲ့သည်။ ခမ်းနားစည်ကားလှသော သူ၏ နောက်ဆုံးခရီးကို နှုတ်ဆက်ခြင်းများဖြင့် ကြည့်ရှုဖြစ်ရင်း ခံစားထိခိုက်ဖွယ်ကောင်းလှသော သမီးလေး၏စကားလုံးများကို ကိုယ်ချင်းစာ စိတ်မကောင်းဖြစ်မိသည်။

“နှုတ်ဆက်လိုက်ပါတယ် အလင်းလက် အတောက်ပဆုံး အနုပညာကြယ်တစ်ပွင့် King of Pop, Michael Jackson … ကောင်းရာမွန်ရာဘ၀မှာ မင်းရဲ့ ပြောင်မြောက်လှတဲ့ အနုပညာအရည်သွေးတွေနဲ့အတူ သီဆိုကခုန်ရင်း အေးချမ်းစွာနားခိုနိုင်ပါစေ … ”

ကိုယ်တို့အားလုံးဟာ တိုတောင်းလှတဲ့ လူ့ဘ၀လေးကို ခဏတာရရှိချိန် … ကိုယ်ချစ်ခင်သူများအားလုံးကို ဖြစ်နိုင်သမျှ အကောင်းဆုံးပေး ၊ အတူပျော်ရွှင်ကြရင်း “နောင်တ”ဆိုတဲ့ စိတ်ခံစားမှုကြီး ကျန်ရစ်မနေခဲ့ဖို့ အရေးကြီးပါတယ်။ ကိုယ်တို့အသက်ရှင်နေထိုင်တဲ့ ဒီမိခင်ကမ္ဘာမြေပေါ်မှာ ကိုယ့်ကိုချစ်တဲ့ ၊ ကိုယ်ကချစ်တဲ့လူတွေအားလုံးအတွက် “စိတ်ချမ်းသာမှု”လက်ဆောင်လေး မပျက်မကွက် ဖြည့်ဆည်းပေးကြဖို့ မမေ့ရင်း ဘ၀ရဲ့နေ၀င်ချိန်ကို အကောင်းဆုံးဖြတ်သန်းကြရအောင်လားကွယ် … ။

ကမ္ဘာမြေလူသားများရင်ထဲ အစဉ်အမြဲ စွဲထင်ကျန်ရစ်နေမည့် သီချင်းကောင်းများ

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ