this site the web

413..လက်ကိုင်ဖုန်းထဲက သီချင်းတွေ၊ ဓါတ်ပုံတွေကို ကွန်ပျူတာထဲထည့်နည်း

 
ဖုန်းဝယ်ရင် ၊ ဖုန်းနှင့် ကွန်ပျူတာ ချိတ်ဆက်ဖို့ ဆော့ဖ်ဝယ် CD တစ်ချပ်ပါမယ်။
ချိတ်ဆက်ဖို့ USB ဆိုတဲ့ ကြိုးတစ်ချောင်းပါမယ် ၊
CD ထဲတွင် ပါလာသော ဆော့ဖ်ဝယ်မှ ဘယ်ဟာနှိပ်၊ ဟိုဟာနှိပ်နှင့် သူ၏ မေးသော မေးခွန်းများကိုလည်း ဖြေကြားပေးနေသည်။ သို့နောက် ပြီးသွားသည့်တိုင်အောင်၊ လက်ကိုင်ဖုန်းထဲမှ သီချင်းနှင့် ဓါတ်ပုံများ ကွန်ပျူတာထဲ သို့ မရောက်သေးပေ။ သို့ကြောင့် ဒေါသလည်း အလွန်ထွက်မိသည်၊ ကူညီနေသော အခါတွင် လုပ်ရင်း မပြီးသည်ကို အချိန်ဖြုန်းမိလေသလားဟု စိတ်ထဲထင်မိသည်။ သို့သော် ဇွဲမလျှော့ပါလေ၊ ဆက်လက်၍ ဆော့ဖ်ဝယ်တစ်ခုအား လင့်ခ်ပေးမိသည်။
ဒီဆော့ဖ်ဝယ်ကို စာရင်းဝင်လိုက်တာနှင့် သုံးလို့ရမယ် ”
“ အေး ၊ စာရင်း သွင်းနေပြီ ”

သို့နှင့် ကျွန်တော် သူပြီးသည်အထိ စောင့်နေမိသည်။

“ ဟာ ပိုက်ဆံပေးရမည့် ကဒ်နံပါတ် တောင်းနေတယ်၊ ငါမပေးချင်ပါဘူး ”
“ ဟုတ်ဘူး၊ အဲဒါ ကဒ်နံပါတ် တောင်းတာ၊ ရက် ၃၀ အခမဲ့ စမ်းသုံးခွင့် ပေးတယ်လေ၊ ရက်၃၀ မတိုင်ခင်မှာ စာရင်းပြန်ထွက်လိုက်ပေါ့ ”
“ စာရင်းပြန်ထွက်လိုက်ရင် သူပိုက်ဆံမဖြတ်တော့ဘူး”

ဒီလို ပုံစံမျိုး ကျွန်တော် လုပ်ခဲ့တာ ကြာလေပြီ။ လက်ထဲတွင် ရှိသော မာစတာကဒ် (ငွေးကြေးကဒ်)တစ်ကဒ် နှင့် ဆော့ဖ်ဝယ်ကုမ္ပဏီများ၏ ကွန်ရက်များကို ၀င်ပြီး၊ သူတို့ အခမဲ့ စမ်းသုံးခွင့် ပေးထားတဲ့ ဆော့ဖ်ဝယ်များကို သုံးကြည့်သည်။ ဘယ်လိုအသုံးဝင်သလဲဟု၊ ရှေ့ဆက်ရော သုံးမိမည့် ဆော့ဖ်ဝယ်လား၊ ဆက်သုံးရင် ပိုက်ဆံ ဘယ်လောက်ဖြတ်မလဲ၊ စသည်ဖြင့် တွေးတောရသည်။ သုံးဖို့ မတန်လျင်တော့ သူတို့ ပြောထားသည့် ရက်ပိုင်းအတွင်းတွင် စာရင်းပြန်ထွက်ပေးရသည်၊ သို့မဟုတ်လျင် ကဒ်ထဲသို့ ဆော့ဖ်ဝယ်ကြိုက်လို့ ၀ယ်လိုက်သည်ထင်ကာ အလိုလျောက် ပိုက်ဆံဖြတ်တော့မည်။ ထို့ကြောင့် ကဒ်၏ နံပါတ်နှင့် လျို့ဝှက်စာလုံးများတော့ ရင်းနှီးမှု ပြုရသည်။ ရင်းနှီးမှုးအတွက် တန်ဖိုးရှိတာတွေတော့ ရလိုက်သည်၊ ထိုကား သူတို့၏ အသစ်အစမ်း ဆော့ဖ်ဝယ်များကို သုံးဖူးလိုက်ခြင်းပင်။

“ ဟာ ဒါက ၊ ဘာဆော့ဖ်ဝယ်လဲ ”
“ သြော်၊ အကို့ ကွန်ပျူတာကို ကျွန်တော် ဒီဘက်ကမ္ဘာကနေ လှမ်းသုံးလို့ ရတယ်လေ၊ ကျွန်တော်ဘာတွေ လုပ်နေတယ်ဆိုတာလဲ အကိုမြင်နေရတယ် ”
“ ဟာ တော်ပြီ။ သွင်းတော့ဘူး ကွန်ပျူတာထဲမှာ Private Folder တွေ ရှိတယ်ဟ ”
“ သြော် ဟုတ်ဘူးလေ၊ အကို့ Private Folder ၀င်ကြည့်မလား၊ ကျွန်တော်လုပ်သင့်သာပဲ လုပ်သွားမယ်လေ၊ အကိုလည်း ကျွန်တော် ဘယ် ဖိုင်တွေ ဖွင့်နေတယ်ဆိုတာ မြင်နေရတာပဲ ”
“ ဘာညာကွိကွ တူ့းးးးးး.. ဘာညာကိကွ တူ့းးးး ”
“ ဘာညာကွိကွ တူ့းးးး.... တူးးးး ဘာညာကွိကွ တူ့းးးးး”

ဟဲဟဲ၊ အဲလောက်လည်း ပွဲကြမ်းသွားတယ် မထင်နဲ့ဦး၊ ကာယကံရှင်က သဘောမတူတော့လည်း ဆက်မလုပ်ပေးတော့ဘူးပေါ့ဗျာ။ ဒါပေမဲ့ ကိုယ်ကူညီလိုက်တဲ့ အရာဟာ မပြီးတော့လည်း နေရထိုင်ရတာ သိပ်ခက်ခဲပါတယ်။ ကိုယ်ပြောနေသမျှတွေလည်း သဲထဲရေသွန်လိုက်သလိုပါပဲ။

သို့နှင့် သူများတွေပဲ လိုက်လုပ်ပေးနေလို့ ၊ ကျွန်တော့ကိုလည်း လုပ်ပေးကြပါဦးဗျာ။ ဆရာမ မေငြိမ်းက ဒီလိုဆိုပါတယ်။
ဆရာမ စာတွေကို ဘလော့မှာတင်နေရင် -ှ တို့ -ျ တို့တွေဟာ ?? တွေ ဖြစ်ကုန်ပါသတဲ့။
ဟုတ်ဘူးဆရာမ၊ ကျွန်တော်တို့ရော ဒီလိုပဲ ဖြစ်တတ်တယ်။ ?? တွေ အဲလိုပဲ ပေါ်တယ်။ ဒါပေမဲ့ ကျွန်တော်ဖြစ်နေတာရော သိချင်ကြပါသလား။ ကျွန်တော်စာတင်လိုက်ရင် ?? တော့ ပေါ်တာပါပဲ ၊ သို့ပေမဲ့ ဒါလေးတွေကြတော့ ဘယ်လိုလုပ်ကြမလဲ။



?? တွေ ပါတာက ခန့်မှန်းလို့ ရပါသေးတယ်။ ကျွန်တော့ဆီမှာတော့ ပို့စ်တင်ပြီး စာလုံးပေါင်းတွေ ပြင်တဲ့ အခါမှာ ထို အကွက်များ ပေါ်လာပါတော့တယ်။ အကွက်တွေဆိုတော့ ဘယ်လိုမှ ခန့်မှန်းလို့ မရပါ။ စာလုံးဘာတွေလည်း သိချင်ရင် ကွန်ပျူတာကို ပိတ်ပြီး ပြန်ဖွင့်ရင်ဖွင့်၊ မဖွင့်ရင် ဘာစာလဲ သိအောင် Notepad ထဲ ပြန်ကူးထည့်ရပါတယ်။ ကဲ စာဖတ်သူတို့ရော ဘယ်လိုမြင်ပါသလဲ။





Labels: , , , , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ