this site the web

408..cryptography

 

နားလည်နိုင်အောင် လျှို့ ဝှက်သော စာလုံးများ သင်္ကေတများနဲ့ ရေးထားတဲ့ နည်းပညာကို (cryptography)ဟူခေါ်ပါတယ် ။ အင်ဂျင်နီယာပိုင်းအရ အဲဒီနည်းပညာကို အောက်ပါအတိုင်း အတိအကျ အဓိပ္ပ္ပါယ် ဖွင့်ဆိုပါတယ် [1] - -

The study of ways to disguise messages so as to avert unauthorized interception is called cryptography.

အဲဒီနည်းပညာကို ဆက်သွယ်ရေး (communications) ပိုင်းအတွက် အဓိကထား သုံးကြပါတယ် ။ အထူးသဖြင့် စစ်အတွင်းမှာ ဆက်သွယ်ကြတဲ့အခါမျိုးမှာ ပေးပို့လိုက်တဲ့ မက်စေ့ခ်ျကို ရန်သူဘက်ကနေ ဖြတ်ယူနိုင်လိုက်ရင် ၊ ဆိုလိုချင်တာတွေ မသိအောင် လုပ်တဲ့နေရာတွေမှာ အလွန်အရေးပါပါတယ် ။ ခုနောက်ပိုင်းခေတ်မှာတော့ နေ့စဉ် commercial world က နေရာတိုင်းလိုလိုမှာ (ဥပမာ - ကျွန်မတို့ နေ့စဉ်ရေးနေတဲ့ အီးမေးလ်တွေ ဘာတွေမှာတောင်) လုံခြုံရေးအတွက် လိုအပ်သလို သုံးစွဲလာကြပါတယ် ။ ဒီပို့စ်မှာတော့ ဆက်သွယ်ရေးပိုင်းကနေပဲ အဓိကထား ကြည့်ပါမယ် ။ ဒီနည်းပညာ ပေါ်ပေါက်လာရတဲ့ အဓိက အကြောင်းရင်း အချက်နှစ်ချက်ကတော့ - -

(၁) the need for privacy or for preventing eavesdropping (ကိုယ့်ကိစ္စ သူများဘေးကနေ ခိုးမသိနိုင်အောင်)

(၂) the need for authentication or for preventing spoofing (မက်စေ့ခ်ျကို ကြားကနေ ဖြတ် ၊ မူရင်းမက်စေ့ခ်ျကို လွဲမှားသွားအောင် အကြောင်းအရာ လျှောက်ထည့်တာမျိုး)

ဒီနည်းပညာကိုသုံးတဲ့နေရာကိုကြည့်မယ်ဆိုရင် ဆက်သွယ်ရေးပိုင်းတွေမှာ အဓိကရှိတဲ့ အပိုင်းသုံးပိုင်းဖြစ်တဲ့အပြင် ၊ ပို့လိုက်တဲ့ လျှို့ ဝှက်စာတွေကို ဖော်ထုတ်နိုင်မယ့် ကီး (key) ဆိုတာလည်း ပါဝင်ပါတယ် - -

(1) Sender (in this case is known as Encipher)
(2) Receiver (in this case is known as Decipher)
(3) Channel (ပို့သူ နဲ့ လက်ခံရရှိသူကြား ရှိတဲ့လိုင်း - အဓိကဥပမာကတော့ လေလှိုင်း)
(4) Key

အဲဒီအပိုင်းလေးပိုင်း ဘယ်လိုလုပ်ကြလဲဆိုတာ ဥပမာပေးရရင်တော့ ... လူတယောက် (sender/ encipher) ဟာ တစုံတရာကို ပေးပို့ချင်တဲ့အခါ အဲဒီအရာကို သေတ္တာတခုထဲထည့် သော့ (key) ပိတ်လိုက်တယ်ဆိုပါဆို့ ။ အဲဒီသေတ္တာထဲ သူဘာထည့်လိုက်တယ်ဆိုတာ အဲဒီသေတ္တာကို သွားပို့ပေးမယ့်သူ (channel) က လုံးဝမသိဘူး ။ သွားပို့ပေးသူမြင်တာက သေတ္တာတလုံးပဲ ။ အဲဒီသေတ္တာထဲ ဘာရှိလည်းဆိုတာ သိနိုင်ဖို့ သော့ဖွင့်ကြည့်မှရမယ် ။ အဲဒီသော့ကလည်း လက်ခံရရှိမယ့်သူ (receiver/ decipher) ဆီမှာပဲ ရှိတယ် ။

နောက် Digital Fortress By Dan Brown (Page 16) ထဲမှာပေးထားတဲ့ ဥပမာ တခုကတော့ - -

HL FKZC VD LDS
LD SNN

အဲဒီနှစ်ကြောင်းကို ဒီအတိုင်းဖတ်မယ်ဆို အဓိပ္ပါယ်ဘာမှမရှိသလိုပါပဲ ။ ဒါပေမယ့် အဲဒီစာကြောင်းမှာရှိတဲ့ စကားလုံးတိုင်းကို အဲဒီစကားလုံးမတိုင်ခင်က စကားလုံးနဲ့ အစားထိုးကြည့်လိုက်မယ်ဆိုရင် ၊ အောက်ပါအတိုင်းပေါ်လာပါမယ် ။

IM GLAD WE MET
ME TOO

ဒီတော့ အဲလို စကားလုံးတိုင်းကို တခြားစကားလုံးနဲ့အစားထိုးရမယ်ဆိုတာက ကီး ပါပဲ ။ အဲဒီ ကီး မရှိခဲ့ရင်လည်း အထက်ပါစာကြောင်းကို စကားလုံးတွေ ဟိုရွှေ့ ဒီရွှေ့ လုပ်ကြည့် ၊ နည်းအမျိုးမျိုး ကြိုးစားကြည့်ပြီး နောက်ဆုံး မှန်တဲ့ ကီး ကို ရှာတွေ့ သွားနိုင်ပါတယ် ။ ဒီဥပမာမှာဆိုရင် အင်္ဂလိပ်စကားလုံး ၂၆ လုံးရှိတဲ့အတွက် ၂၆ ခါ ကြိုးစားရမယ်လို့ ယေဘူယျ သတ်မှတ်ပါတယ် ။ အဲလို trial-and-error guessing method (တခုနဲ့ လုပ်ကြည့်လိုက် ၊ မရရင် နောက်တခုနဲ့ လုပ်လိုက်) ကို သုံးတဲ့အခါ brute force attack (အတင်းဓမ္မ ရှာဖွေခြင်း / တိုက်ခိုက်ခြင်း) လို့ ခေါ်ပါတယ် ။

အဲဒီနည်းဟာ သင်္ချာပိုင်းကနေကြည့်မယ်ဆိုရင် ရာခိုင်နှုန်းပြည့် အောင်မြင်မယ့် နည်းလမ်းပါပဲ ။ ဘာလို့လဲဆိုတော့ ကီး တခုဟာ ဂဏန်း ၅လုံးပါခဲ့မယ်ဆိုရင် ၀၀၀၀၀ - ၉၉၉၉၉ ကြားက combination အမျိုးမျိုးကို ကြိုးစားမယ်ဆိုရင် ၊ အဲဒီ combination တွေထဲက တခုမဟုတ် တခုကတော့ ကီး ဖြစ်နေမှာပါပဲ ။ အဲဒီတော့ ကီး က ဂဏန်းများလာလေလေ ၊ စစ်ကြည့်ရမယ့် combination တွေ များလာလေလေ ၊ ဒါကြောင့် အဲဒီ ကီး ကို ခန့်မှန်းရဖို့ ခက်လေလေဖြစ်ပါတယ် ။

ဒါကြောင့် ခုခေတ်မှာ password တွေ ရွေးတဲ့အခါ ရှည်ရှည်ရော ဂဏန်းတွေ ၊ စာလုံးတွေ ၊ သင်္ကေတ သုံးပြီး ထည့်ခိုင်းတာပါ ။ ဂဏန်းဆို ၁ - ၉ (၁၀လုံး) ၊ စာလုံးဆို a - z (၂၆ လုံး) နဲ့ နောက် သင်္ကေတတွေရောအပါအ၀င် ထည့်လိုက်မယ်ဆိုရင် ရှည်လေ ၊ စစ်ကြည့်ရမှာတွေ များလာလေပါပဲ ။ အဲလို များလာတဲ့ combination တွေကို စစ်ကြည့်ဖို့ အရမ်းမြန်တဲ့ processor တွေ လိုအပ်ပါတယ် ။ အဲဒီအချက်က brute force attack ကနေ အဓိက ကာကွယ်နည်းတမျိုးပါပဲ ။

သမိုင်းမှာ စကားဝှက်တွေကို စသုံးသူတယောက်ကတော့ Julius Caesar ပါပဲ ။ ကိုယ်ပြောချင်တာကို စကားလုံးတလုံးကို ရွှေ့ ပြီး ၊ စကားဝှက်လုပ်တဲ့ (monoalphabetic cipher) နည်းကို Caesar က Gallic wars မှာ စသုံးခဲ့တဲ့အတွက် Caesar Cipher လို့အမည်တွင်ခဲ့ပါတယ် ။ အဲဒီ လျှို့ ဝှက်နည်းရဲ့ ဥပမာကတော့ - -
Message: N O W I S T H E T I M E
Code: Q R Z L V W K H W L P H
Key: shift the alphabets by one position and replace it in the message to get the code


နောက် စကားဝှက်နည်း တမျိုးကတော့ အောက်မှာ ဖော်ပြထားတဲ့ polybius square လို့အမည်ရတဲ့ 5x5 square array ကို သုံးတာပါပဲ ။
polybius%20square.JPG

အဲဒီနည်းကို သုံးပြီးလုပ်မယ်ဆိုရင် အောက်ပါအတိုင်း မက်စေ့ခ်ျ ကို လျှို့ ဝှက်လို့ ရပါတယ် - -
Message: N O W I S T H E T I M E
Code: 33 43 25 42 34 44 32 51 44 42 23 51
Key: Find the corresponding column&row number for each alphabet and replace.

နောက် စကားဝှက်နည်းတမျိုးကတော့ Trithemius Progressive Key ဆိုတဲ့နည်းပါပဲ ။ အဲဒီနည်းမှာ a - z အထိရှိတဲ့ စကားလုံးတွေကို တလုံးချင်းဆီ ညာဘက်ကို ရွေ့ ပြီး ၊ z ပြီးတဲ့အခါ ကျန်တဲ့နေရာကို a ကနေ ပြန်စပါတယ် ။
IMG_0002%7E1.jpg

အဲဒီနည်းကိုသုံးတဲ့ဥပမာကတော့ - -

Key: T Y P E T Y P E T Y P E
Message: N O W I S T H E T I M E
Code: G M L M L R W I M G B I

ဒီနည်းမှာတော့ Key က အပေါ်ကပုံထဲက ဇယားထဲက ဘယ် row ကို ကြည့်ရမလဲဆိုတာ ရည်ညွှန်းပါတယ် ။ ခု ဥပမာမှာ ပထမဆုံးအလုံးက T ဖြစ်နေလို့ row 19 ကို ရည်ညွှန်းပါတယ် ။ နောက် မက်စေ့ခ်ျက N ဖြစ်တဲ့အတွက် plaintext ဆိုတဲ့နေရာမှာ N စကားလုံးကိုရှိပြီး ၊ အဲဒီ ကော်လံ နဲ့ ခုန ရိုး ၁၉ တို့ ဆုံတဲ့နေရာက စကားလုံးကို ကုဒ် အဖြစ်ယူလိုက်ပါတယ် ။

အပေါ်မှာ ဖော်ပြထားတဲ့ cipher (စကားဝှက်နည်း) သုံးခုကတော့ cryptology မှာ မူလအဆင့်ဖြစ်တာတွေပါပဲ ။ နောက်ဆုံးအနေနဲ့ စဉ်းစားမိတဲ့ စကားဝှက်ကို ကြိုးစားကြည့်ကြပါဦးလား ။ အင်္ဂလိပ်လို ဘာကိုဆိုလိုတာပါလဲ ။ သိပ်လွယ်လွန်းသွားရင်တော့ နောက်ထပ် စဉ်းစားထားတာ ရှိပါသေးတယ်း) ။

Code: K H U R L
Key: Using monoalphabetic cipher. Number of alphabetic shifts = a prime number




References:
[1] Digital Communications: Fundamentals And Applications (Bernard Sklar) - All cipher examples were taken from there.
[2] http://en.wikipedia.org/wiki/Dan_Brown
[3] http://www.biblio.com/authors/558/Dan_Brown_Biography.html
Ref: /engineersformyanmar




Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ