this site the web

405..Pencil sketch effect in Photoshop

 
Photoshop မှာ Pencil sketch effect လုပ်တဲ့နည်း

၁။ မိမိပြုလုပ်လိုသော ပုံကို Photoshop မှာ open (Ctrl+O) ပါ။



၂။ Open လုပ်ပြီး လက်ရှိ ရှိနေသော Layer ကို Duplicate (Ctrl+J) လုပ်ပါ။



၃။ Duplicate လုပ်ပြီး ရရှိလာသော Layer ကို select ပေးပြီး Desaturate (Image > Adjustments > Desaturate) or (Ctrl+Shift+U) လုပ်ပါ။ Black and White အဖြစ်သို့ ပြောင်းလဲသွားပါလိမ့်မည်။

၎။ Desaturate လုပ်ထားသော Layer ကို select ပေးပြီး Duplicate (Ctrl+J) လုပ်ပါ။ ရရှိလာသော Layer ကို select ပေးပြီး Inverse (Ctrl+I) လုပ်ပါ။

၅။ Inverse လုပ်ထားသော Layer ကို select ပေးထားပြီး Blending Mode မှ Color Dodge ကိုရွေးပါ။



၆။ ထို့နောက် Filter > Blur > Gaussian Blur ကိုရွေးပါ။ Radius သည် 5 to 6 အတွင်း ထားမှသာ အဆင်ပြေပါလိမ့်မည်။ Radius သတ်မှတ်ပြီး OK ပေးပါ။ Pencil Artwork တစ်ခုကို သင် လုပ်ပြီးသွားပါပြီ။

အထက်ပါနည်းလမ်းကတော့ step by step ကိုယ်တိုင် ဖန်တီးတဲ့နည်းလမ်းပါ။ နောက်တစ်နည်း (အလွယ်နည်း) အနေနဲ့ Photoshop ရဲ့ action ကိုအသုံးပြုပြီး ဖန်တီးနိုင်ပါတယ်။

၁။ ပထမဦးစွာ Pencil Sketch Action File ကို Download လုပ်ပါ။

၂။ ထို့နောက် ရရှိလာသော File ကို copy ကူးယူပြီးနောက် အောက်ပါ Folder ထဲတွင်ထည့်သွင်းပါ။
C:\Program Files\Adobe\Adobe Photoshop CS2\Presets\Photoshop Actions

၃။ Photoshop ကို open လုပ်ပါ။ ထို့နောက် Window Menu မှ Action (Alt+F9) ကိုရွေးပါ။ Action list တွင် Default Action အပြင် Download လုပ်ပြီး ထည့်သွင်းထားသော Pencil ArtWork Action လေးကိုပါ တွေ့ရပါလိမ့်မည်။



၎။ PencilArtWork Action folder ကို ဖွင့်ရန် ဘယ်ဘက်၌ပါရှိသော တြိဂံလေးကို Click လုပ်ပါ။ ထို့နောက် ထွက်ရှိလာသော Action File လေးကို select လုပ်ပါ။ သို့မဟုတ်ပါက Action ကို သုံး၍ရလိမ့်မည် မဟုတ်ပေ။ Action file လေးကို ရွေးပြီးသည်နှင့်တပြိုင်နက် action box ၏ အောက်ခြေတွင်ပါရှိသော Play Action button လေးသည် active ဖြစ်လာပါလိမ့်မည်။



၅။ ထို့နောက် Play Action button ကို click လုပ်ပြီး မိမိပြုလုပ်လိုသော ပုံကို ရွေးပါ။ ရွေးပြီးသည့်နောက်ပိုင်းမှာတော့ ငုတ်တုတ်လေး ထိုင်သာကြည့်နေလိုက်ပါ။ Action ရဲ့ စွမ်းဆောင်မှုဖြင့် pencil sketch တစ်ခုကို အလိုအလျောက် လုပ်ဆောင်ပေးသွားပါလိမ့်မယ်။ အဲဒီနောက်မှာတော့ photoshop action အကူအညီဖြင့် ပြုလုပ်သော pencil sketch တစ်ခုကို သင် ရရှိမှာဖြစ်ပါတယ်။
Ref: CMS




Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ