this site the web

363..Firefox Addon: KeyScrambler

 

ကျွန်တော် အမြဲသုံးဖြစ်တာ Firefox Browser ပါပဲ။ Firefox မှာရှိတဲ့ Add on တွေကြောင့် အမြဲ သုံးဖြစ်နေတာပါ......
KeyLogger တွေက ကွန်ပြူတာမှာ ကိုယ်ရိုက်ထည့်တဲ့ Key မှန်သမျှကို မှတ်ထားတယ်။ အဲဒီကတစ်ဆင့် တခြားသူတွေက ကိုယ့်ရဲ့ အချက်အလက်၊ password တွေရသွားကြတယ်။ ကိုယ့်ကွန်ပြူတာဆို တော်သေးတယ်။ KeyLogger ရှိမရှိ အမြဲ စစ်နေလို့ ရတယ်။ Public ကွန်ပြူတာတွေ သွားသုံးလို့  အဲဒီကွန်ပြူတာတွေမှာ KeyLogger ရှိမရှိက ကိုယ်က မသိနိုင်ဘူး။ သိအောင်စစ်နေဖို့ လဲ အချိန်က မရ။ ဒီလိုအခါတွေမှာ Firefox Addon တစ်ခုဖြစ်တဲ့ KeyScrambler ကိုသွင်းပြီး သုံးလို့ ရတယ်။
KeyScrambler က Keyboard က့ ရိုက်ထဲလိုက်တဲ့ စာလုံးတွေကို Kernel Driver Level မှာ encrypt လုပ်ပေးတယ်။ Firefox Browser ကို ရောက်မှာသာ decript ပြန်ပြီး လုပ်ယူပါတယ်။ Keylocker တွေ အလုပ်လုပ်ပုံကရိုက်ထည့်လိုက်တဲ့ စာလုံးတွေ Keyboard ကနေ Operation System ကို အသွားမှာ မှတ်ယူ သိမ်းထား လိုက်တာ။ ဒီတော့ KeyScrambler သုံးမယ်ဆိုရင် စက်ထဲမှာ KeyLogger ရှိနေတယ် ဆိုလည်း ကျွန်တော်တို့ရိုက်ထည့်လိုက်တာတွေကို မရတော့ပဲ KeyScrambler က encrypt လုပ်ထားတာတွေကိုပဲ ဖမ်းယူရသွားပါ လိမ့်မယ်။ အရမ်းအသုံးဝင်ပါတယ်။


Firefox Addon: KeyScrambler

မှာ သွားယူ သွင်းလို့ ရပါတယ်။ KeyScrambler က ယူဆာတွေရဲ့ စစ်တမ်းအရဆို ကြယ်လေးပွင့် ရထားပါတယ်။

တစ်ခုရှိတယ်။ Website မှာရေးထားတဲ့ ကွန်မန့် တွေအရ Game ကစားတဲ့သူတွေ တချို့ မှာ ပြဿနာ ရှိတယ် သိရတယ်။ စမ်းသွင်း သုံးကြည့်ပြီး မကြိုက်လို့  ပြန်ဖျက်ချင်တယ်ဆိုရင် Firefox Browser မှာ တင်မကဘူး၊ Programs မှာပါ ဖျက်ရပါမယ်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ