this site the web

361..iPhone 3.0 OS - Internet Tethering

 

အားလုံးသိပြီးတဲ့ အတိုင်း iPhone 3.0 OS ထွက်တယ်။ ပြောထားတဲ့ အတိုင်းပဲ 3.0 မှာ SMS forword ၊ SMS individual delete၊ Copy & Paste ၊ Spotlight Search၊ MMS ၊ Email up to 5 photos at a time၊ Features အသစ်တွေအများကြီးပါတာတွေ့ ရတယ်။ တစ်ခုခြင်း မရေးအားတော့ဘူး။ 3.0 မှာ ဘာတွေ အသစ်ပါသလဲ အသေးစိတ်သိချင်တယ်ဆိုရင်တော့ ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။


iPhone 3.0 မှာရတဲ့ Features တွေထဲက အကြိုက်ဆုံး Feature က Internet Tethering။ 3.0 OS ကိုသုံးပြီး ဖုန်းမှာရှိတဲ့ အင်တာနက်ကွန်နက်ရှင်ကို ကွန်ပြူတာကနေ သုံးလို့ ရသွားပြီ။ အဲဒီ Feature မျိုး တခြားဖုန်းတချို့ မှာ အရင်ကတည်းရတယ်လို့ သိရတယ်။ အိုင်ဖုန်းမှာတော့ အခုမှ ရပါတယ်။ အရမ်း အသုံးဝင်ပါတယ်။

အလုပ်မှာ အလုပ်သဘာဝအရ Data Security က အရမ်းအရေးကြီးတော့ အင်တာနက် ကို လွတ်လွတ်လပ်လပ် သုံးခွင့် မပေးထားဘူး။ ကန့် သတ်ချက်တွေ အရမ်းများတယ်။ ကွန်ပြူတာထဲမှာလည်း မလိုတဲ့ Software တွေ သွင်းခွင့်မရှိဘူး။ ပိတ်ထားတာတွေ သုံးချင်တဲ့အခါ ကိုယ့်နည်းကိုယ်ဟန်လေးနဲ့  ရအောင် သုံးတယ်။ Proxy ခံသုံးတယ်။ အလုပ်တော့ ရှုပ်တာပေါ့။ အဲလိုသုံးတာ တခါတလေတော့လည်း အဆင်မပြေဘူး။ အဲဒီအခါ အိုင်ဖုန်းကို သုံးပြီး အင်တာနက် သုံးတယ်။ ဒါကြောင့်လည်း ဖုန်းမှာ 50G ရတဲ့ Broadband on mobile plan ယူထားခဲ့တာပါ။ ဖုန်း Screen က သေးတော့ ကြည့်ရတာ အဆင်မပြေတာတွေရှိတယ်။ အခု ဒီပြဿနာတွေ အတော်လေး လျှော့သွားတော့မယ်။

iPhone 3.0 OS မှာ Internet Tethering Setup လုပ်ရတာ တော်တော်လေးကို လွယ်ပါတယ်။ Singtel သုံးတဲ့ သူတွေဆို ဘာမှလုပ်စရာမလိုဘူး။ Settings --> General --> Network --> Internet Tethering ကိုသွားပြီး On လို့ ပြောင်းလိုက်ရင်ရပြီ။



USB သုံးမယ်ဆို USB only ကိုရွေးပါ။


ပြီးရင် USB နဲ့  ကွန်ပြူတာကိုချိတ်။ ကွန်ပြူတာမှာ အောက်က Message လေးပေါ်လာမယ်။


Network Preferences ကို ရွေးပြီးနောက် Window တစ်ခု ပေါ်လာတဲ့အခါ Apply လုပ်လိုက်ရင် အလိုလို Setup လုပ်ပေးသွားပါတယ်။ (ဒီပုံကိုတော့ ဒီနေရာကနေယူထားတာပါ)

Internet Tethering ကို အသုံးပြုပြီး ကွန်ပြူတာမှာ အင်တာနက်ချိတ်ထားရင် ဖုန်းမှာ ဒီလိုပေါ်ပါတယ်။


စင်္ကာပူမှာ iPhone တရားဝင်ရောင်းချခွင့်ရထားတဲ့ Singtel မဟုတ်ပဲ StarHub နဲ့  M1 သုံးတဲ့သူတွေ အတွက်ကတော့ နည်းနည်း ပြဿနာရှိတယ် ဖတ်ရတယ်။ ကိုယ့်မှာ StarHub နဲ့  M1 Sim Cards မရှိတော့ မစမ်းကြည့်နိုင်ဘူး။ ဒီမှာတော့ ဘယ်လို လုပ်ရတယ်ဆိုတာ ရေးထားတာတွေ့ ရပါတယ်။




Other related links:
Using iPhone as a Modem - Apple.com
Enable tethering on iPhone 3.0 (Worldwide Carriers) - richardlai
I've got 3G iPhone - N3
Singtel - Broadband on mobile

ဒါကတော့ လက်ရှိသုံးနေတဲ့ Speed တိုင်းကြည့်ထားတာ။





19 June 2009 မှာ iPhone 3G S ထွက်မှာ ပါ။ iPhone 3G S အကြောင်း သိချင်ရင် 10 Cool Things abbout iPhone 3G S - HeartStations မှာ သွားဖတ်ကြည့်နိုင် ပါတယ်။ စိတ်ဝင်စားသူတွေအတွက်ပါ။




Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ