this site the web

321.. Nokia 6700 ဖုန်းအမျိုးအစားသစ်

 
Nokia ၏ ဖုန်းအမျိုးအစားသစ်တစ်ခုဖြစ်သော Nokia 6700 ဖုန်းအမျိုးအစားသစ်တစ်ခု ပြည်တွင်းဈေးကွက်အတွင်းသို့ ၀င်ရောက်လာကြောင်းသိရသည်။ ၎င်းဖုန်းသည် 2G Network နှင့် 3G Network နှစ်ခုစလုံးတွင် အသုံးပြုနိုင်မည်ဖြစ်သော ဖုန်းတစ်လုံးဖြစ်သည်။ 2G Network အတွက် GSM 850/900/1800/1900 တို့တွင် ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်ပြီး 3G Network အတွက် HSDPA 900/1900/2100 တို့တွင် ချိတ်ဆက်အ သုံးပြုနိုင်မည်ဖြစ်သည်။ 3G Network အတွက် HSDPA 10Mbps, HSUPA 2Mbps တို့တွင် အသုံးပြုနိုင်မည်ဖြစ်သောကြောင့် 3G Network အတွက် အဆင်ပြေနိုင်မည့်ဖုန်းတစ်လုံးဖြစ်ကြောင်း သိရသည်။
Ringtone စနစ်များအတွက်လည်း အဆင်ပြေနိုင်မည့်ဖုန်းတစ်လုံးဖြစ်ပြီး Polyphonic ringtone များအပြင် MP3 ringtone များကိုပါ အသုံးပြုနိုင်မည်ဖြစ်ပြီး Alert Type နှင့် Vibration စနစ်များပါ ပါဝင်သောဖုန်းတစ်လုံး ဖြစ်သည်။ Display မှာလည်း ၂.၂ လက်မရှိပြီး 240x320 Pixel ထိ ရရှိနိုင်မည်ဖြစ်သောကြောင့် မြင်ကွင်းကောင်းမွန်ပြီး Display အကျယ်အ၀န်းကောင်းမွန်သည်။ ဖုန်း၏ Screen တွင် ဓါတ်ပုံများအား အလိုအလျောက် လှည့်ပေးနိုင်မည်ဖြစ်သော Accelerometer Sensor ပါဝင်သောဖုန်းဖြစ်သည်။ ဖုန်းတွင်းမှတ်ဉာဏ်ပါဝင်မှုအဆင့်မြင့်မားသော ဖုန်းတစ်လုံးဖြစ်ပြီး Function စုံစုံလင်လင်ဖြင့် အသုံးပြုနိုင်မည်ဖြစ်သော ဖုန်းတစ်လုံးဖြစ်သည်။ ဖုန်းအတွင်းတွင် Internal Memory 170MB သာပါဝင်သောကြောင့် ဖုန်းအတွင်း မှတ်ဉာဏ်ပါဝင်မှုနည်းပါးသော်လည်း 1GB Card ပါဝင်သောကြောင့် မှတ်ဉာဏ်ကောင်းမွန်ပြီး Micro SD Card ကို ထည့်သွင်းနိုင်မည်ဖြစ်ကာ Memory 16GB နှင့်အထက်ကို ထပ်မံထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။
Message ဆက်သွယ်မှုစနစ်အတွက်လည်း SMS, MMS 1.3 အသုံးပြုနိုင်မည်ဖြစ်ပြီး 600KB အထိအသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် Email နှင့် Instant Messaging စနစ်များကိုလည်း အသုံးပြုနိုင်မည်ဖြစ်ပြီး Music ပိုင်း အ တွက်လည်း MP3, MP4, AAC, WMA Player များကို အသုံးပြုနိုင်မည်ဖြစ်ကာ Voice Command စနစ်ပါဝင်သော ဖုန်းဖြစ်သည်။ အခြား Java Application များကိုလည်း ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ EDGE, GPRS စနစ်များပါဝင်သောကြောင့် အင်တာနက်ချိတ်ဆက်မှုအတွက်လည်း အသုံးပြုနိုင်မည်ဖြစ်ပြီး Bluetooth စနစ်ကောင်းမွန်သောဖုန်းတစ်လုံးဖြစ်သည်။ Bluetooth စနစ်အတွက် Bluetooth 2.1 အသုံးပြုနိုင်မည်ဖြစ်ပြီး နားကြပ်ဖြင့်ဖုန်းပြောရာတွင် အသံအား Stereo စနစ်ဖြင့် အကောင်းဆုံးကြားနိုင်မည်ဖြစ်ပြီး သီချင်းနားထောင်ရာတွင်လည်း Bluetooth မှအသံစနစ်အား အကောင်းဆုံးနားဆင်နိုင်မည်ဖြစ်သည်။
WAP 2.0 စနစ်ဖြင့်လည်း အင်တာနက်ချတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ပြီး USB 2.0 စနစ်ဖြင့်လည်း ကွန်ပျူတာနှင့် အခြားဖုန်းအပိုပစ္စည်းများကို ချိတ်ဆက်နိုင်မည်ဖြစ်သည်။ GPS စနစ်ပါဝင်ပြီး AGPS စနစ်ကိုလည်း ထောက်ပံ့ပေးနိုင်မည်ဖြစ်ကာ Nokia map ပါဝင်သောဖုန်းဖြစ်သည်။ ဖုန်း၏ဘတ်ထရီကောင်းမွန်ပြီး ဖုန်းမပြောပဲဖွင့်ထားပါက နာရီသုံးရာခန့် အသုံးပြုနိုင်မည်ဖြစ်ပြီး ဖုန်းပြောမည်ဆိုပါက နာရီငါးနာရီခန့် ဆက်တိုက်အသုံး ပြုနိုင်မည်ဖြစ်သည်။ သီချင်းနားထောင်မည်ဆိုပါက နာရီနှစ်ဆယ်ခန့်အသုံးပြုနိုင်မည်ဖြစ်သည်။
ကင်မရာအထူးကောင်းမွန်သောဖုန်းတစ်လုံးဖြစ်ပြီး 5 Megapixel ရှိသောကင်မရာပါဝင်ပြီး အမြင့်ဆုံး Resolution များအနေဖြင့် 2592x1944 Pixel အထိရရှိနိုင်မည်ဖြစ်သည်။ Video လည်းရိုက်ကူးနိုင်မည်ဖြစ်သည်။ ဖုန်း၏ဈေး နှုန်းမှာ ကျပ် 400,000 ၀န်းကျင်ဖြစ်ပြီး လူကြီးမင်းမိုဘိုင်းဖုန်းအရောင်းဆိုင်တွင် ၀ယ်ယူနိုင်ကြောင်းသိရသည်။



Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ