this site the web

301.. Kaspersky Anti-Virus 2009

 

Kaspersky Lab ကနေ ဖြန့် ချိလိုက်တဲ့ Anti-Virus 2009 အတွင်း ကွန်ပျူတာကို အန္တရာယ် ပြုနိုင်တဲ့ ပရိုဂရမ်တွေကို အလျင်အမြန်စစ်ဆေး ဖော်ထုတ်ပေးနိုင်မယ့် anti-malicious software engine ပါရှိလာပြီး ဆော့ဖ်ဝဲတွေရဲ့ အားနည်းချက်ကို စစ်ဆေးဖော် ထုတ်ပေးနိုင်မယ့် Secunia rulnerability database နဲ့ built-in system restore လုပ်ဆောင်ချက်တွေထည့်ပေးတားတာ ကြောင့် အသုံးပြုသူတွေ သဘောကျနိုင်ကြမှာဖြစ်ပါတယ်။

Kaspersky Anti-Virus ဆော့ဖ်ဝဲတွေဟာ ကမ္ဘာ့အကောင်း ဆုံး ပရိုဂရမ်တွေအဖြစ် သတ်မှတ်ခံထားရတာကြောင့် စွမ်းဆောင်ရည်အပိုင်းမှာ အထူးပြောစရာ မလိုပေမယ့် ဒီ Kaspersky Anti- Kaspersky Anti-Virus 2009 Virus 2009 ကတော့ သူ့အရင် ထွက်ပေါ်ခဲ့တဲ့ version တွေလို မျိုး တအံ့တသြ ဖြစ်စရာ လုပ်ဆောင်ချက်တွေကို မတွေ့ခဲ့ရပါဘူး။ Application နဲ့ boot-up time စမ်းသပ်မှုတွေမှာဆိုရင် ပြီးခဲ့တဲ့ version မှာထက် ပိုမိုနှေးကွေးနေတာ ကို တွေ့ရပါတယ်။ ဒါပေမယ့် antimalicious software engine က ပိုမိုတိုးတက်လာပြီး file scan စမ်းသပ်မှုတွေမှာ ပိုမိုမြန်ဆန်လာတာကို တွေ့ခဲ့ရပါတယ်။ ဒီ Kaspersky Anti-Virus 2009 ဟာ ကွန်ပျူတာကို အန္တရာယ်ပြု နိုင်မယ့် malicious ပရိုဂရမ်တွေ ကို စစ်ဆေးနိုင်မှုအပိုင်းမှာ အထူး ကောင်းမွန်ပေမယ့် အသုံးပြုလုပ် ဆောင်ရတဲ့အပိုင်းမှာတော့ အဆင် မပြေမှုတချို့ကြုံခဲ့ရပါတယ်။ပရိုဂရမ်ကို စမ်းသပ် install လုပ်ကြည့်ရာမှာ အခက်အခဲတချို့ ကြုံခဲ့ရပြီး interface က အနည်းငယ် ရှုပ်ထွေးနေတဲ့အပြင် update နဲ့ scan ပြုလုပ်အပြီးမှာဖော်ပြတဲ့ message တွေကလည်း ရှင်းရှင်းလင်းလင်းမရှိ တာကိုတွေ့ရပါတယ်။ ဒီ KAV 2009 ကို Windows XP ကွန်ပျူတာအတွင်း install လုပ်တဲ့အခါ ZoneAlarm firewall နဲ့ AVG 8.0 တို့ကိုဖယ်ရှား ပေးဖို့ တောင်းဆိုတာကိုတွေ့ရပါ တယ်။ အမှန်မှာ AVG 8.0 ကို uninstall ပြုလုပ်ပြီးသားဖြစ်ပေ မယ့် registry ဖိုင်တွေ ကျန်ရှိနေဆဲ ဖြစ်တာသာဖြစ်ပါတယ်။ Install။ ပြုလုပ်ပြီးတဲ့နောက် Windows ရဲ့ Firewall ကနေ Kaspersky ကို မသိဘဲ block လုပ်ရမလားဆိုပြီး မေးမြန်းလာတဲ့ အပြင် product code ကို ရိုက်ထည့်ပြီး register လုပ်ရာမှာလည်း အဆင်မပြေဖြစ် ခဲ့ရပါတယ်။ ပရိုဂရမ်ကို ကွန်ပျူတာထဲကနေ အပြီးတိုင် ဖယ်ရှားရှင်းလင်းပစ်လိုရင်တော့ Start menu ထဲရှိ All Program ရှိ Remove ကို နှိပ်ပြီး uninstall ပြုလုပ်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ uninstall လုပ်ဆောင်ချက်ဟာ ပရိုဂရမ် နဲ့ ပတ်သက်သမျှ အလုံးစုံကိုဖယ် ရှားပေးနိုင်ခြင်းမရှိဘဲ တခြား antivirus ဆော့ဖ်ဝဲတွေလိုမျိုးပဲ registry ထဲမှာ entry တွေ ကျန်နေခဲ့တာကို တွေ့ရပါတယ်။ Kaspersky ကတော့ အခုလိုဖြစ်ရခြင်းဟာ မိုက္ကရိုဆော့ဖ်ရဲ့ uninstaller အားနည်းချက်ကြောင့်လို့ အပြစ်ဖို့ထားပါတယ်။ ပရိုဂရမ်ရဲ့ interface က သိပ်ပြီး ဆွဲဆောင်မှုမကောင်းတဲ့အပြင် စကရင်တစ်ခုချင်းစီမှာလည်း Kaspersky Internet Security 2009 က ကွန်ပျူတာကို ပိုမိုအကာ အကွယ်ပြုနိုင်မှာဖြစ်ကြောင်း သတိပေးချက်တွေ ပေါ်ထွက်လာ တတ်တာကို တွေ့ရပါတယ်။ ဒီ interface အတွင်း ပထမဆုံးတွေ့ ရမှာကတော့ အနီရောင်သတိပေး ချက်ဖြစ်ပြီး အများအားဖြင့်တော့ Fix Now ကို ကလစ်လုပ်လိုက်တဲ့ အခါ update လုပ်ဖို့ပဲလိုနေတာမျိုး တွေ့ရတတ်ပါတယ်။ ပရိုဂရမ် က automatic update က ရှင်း လင်းပြီး ရာခိုင်နှုန်းမည်မျှရောက်ရှိနေပြီ စတာကိုပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကွန်ပျူတာကို quick scan ပြုလုပ်ကြည့်ရာမှာ ပြီးစီး သွားပြီးနောက် ရလဒ်ကို ဖော်ပြ မပေးဘဲ scan ပြုလုပ်မယ့် စကရင်စီ ပြန်ရောက်သွားတာကို တွေ့ရပါ တယ်။ ဒီလို scan လုပ်ထားတဲ့ ရလဒ်ကို သိရှိနိုင်ဖို့အတွက်က တော့ report button ကို နှိပ်ပေး ရမှာဖြစ်ပါတယ်။ ဒါ့အပြင် တခြား လုပ်ဆောင်ချက်တွေမှာလည်း ဒီလိုမျိုးပဲ ရလဒ်ကို တိုက်ရိုက်ဖော် ပြပေးခြင်းမရှိဘဲ စကရင်ပေါ်က button တွေကို နှိပ်လိုက်မှသာ အသေးစိတ်အချက်အလက်တွေကို သိရှိနိုင်မှာဖြစ်ပါတယ်။ Kaspersky Anti-Virus 2009 အတွင်း ဖိုင်နဲ့ memory ကို စစ်ဆေးပေးနိုင်မယ့်လုပ်ဆောင်ချက်၊ e-mail နဲ့ instant message တို့ကနေ ဗိုင်းရပ်စ်ဝင်ရောက် လာမှုကို ကာကွယ်ပေးမယ့်လုပ်ဆောင်ချက်နဲ့ Web traffic ကို စောင့်ကြည့်ပေးမယ့်လုပ်ဆောင်ချက် တို့ ပါရှိလာတဲ့အပြင် တခြားအပို လုပ်ဆောင်ချက်တွေကိုလည်း ထည့်ပေးထားတာတွေ့ရပါတယ်။ Malicious ပရိုဂရမ်တွေကနေ ကွန်ပျူတာအတွင်းရှိ systemိ ဖိုင် တွေကို ဖျက်ဆီးလိုက်တဲ့အခါမျိုးမှာ ကွန်ပျူတာကို မူလအတိုင်း ပြန်လည်လုပ်ဆောင်နိုင်စေမယ့် Rescue Disk တစ်ခုဖန်တီးထား နိုင်မှာဖြစ်ပါတယ်။ ဒီလို Windows XP rescue disk ကို ဖန်တီးဖို့အတွက်ကတော့ Windows XP SP2 စီဒီရှိထားရမှာဖြစ် ပါတယ်။ ပရိုဂရမ်ရဲ့ Security Analyzer က Secunia ရဲ့ database ကို အသုံးပြုကာ ဆော့ဖ်ဝဲတွေရဲ့ အားနည်းချက်တွေကို စစ်ဆေးဖော်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့စမ်းသပ် ကြည့်ခဲ့တဲ့ ကွန်ပျူတာမှာ ဆော့ဖ်ဝဲ အားနည်းချက် ၄၈၁ ခု တွေ့ရှိခဲ့ရ ကာ ဒီအားနည်းချက်တွေကို ဖြေရှင်းဖို့အတွက် link တစ်ခုစီကနေ လိုအပ်တဲ့ update သစ်တွေကို လိုက်ပြီး download ပြုလုပ်ခဲ့ရပါ တယ်။ ဒါ့အပြင် ဒီလုပ်ဆောင်ချက်ဟာ ဆော့ဖ်ဝဲတွေရဲ့ဘယ် version ကို အသုံးပြုနေတယ်ဆိုတာ ဖော်ပြမပေးနိုင်တာကြောင့် လိုအပ်တဲ့ update ကို ရှာဖွေရတာကလည်း အတော်ကြီး လက်ဝင်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီ Kaspersky Anti-Virus 2009 ဟာ ဗိုင်းရပ်စ်ကို စစ်ဆေးဖော်ထုတ်ပေးနိုင်မှုအပိုင်းမှာ ထိပ်တန်းအဆင့်ရှိပြီး file scanး စမ်းသပ်မှုမှာ မြန်ဆန်ပေမယ့် တခြား စမ်းသပ်မှုတွေမှာတော့ ၂၀၀၈ ခုနှစ်ထုတ် version ထက်နှေးကွေးနေတာကို တွေ့ရပါတယ်။ iTunes စမ်းသပ်မှုမှာ ၂၇၅ စက္ကန့် ကြာခဲ့ပြီး Microsoft Office စမ်း သပ်မှုမှာ ၁၅၈၄ စက္ကန့်ကြာခဲ့ကာ older အလိုက် scan လုပ် စမ်း သပ်ကြည့်ရာမှာတော့ ၂၅၆ စက္ကန့် ရှိခဲ့တာကို တွေ့ရပါတယ်။ Bootup speed မှာတော့ ၃၃.၈၄ စက္ကန့်ရှိခဲ့တာကို တွေ့ရပါတယ်။ AV-Comparatives.org ရဲ့ စမ်းသပ်မှုရလဒ်တွေအရ Kaspersky Anti-Virus 7 ဟာ ondemand scan ပြုလုပ်တဲ့အခါဗိုင်း ရပ်စ် ၉၈ ရာခိုင်နှုန်းကို ရှာဖွေဖော်ထုတ်ပေးနိုင်ခဲ့ပြီး Advanced+ သတ်မှတ်ခံခဲ့ရကာ Retrospective/ Proactive စမ်းသပ်မှုမှာ Advance အဆင့်သတ်မှတ်ခံခဲ့ရ တာကိုတွေ့ရပါတယ်။ တခြား anti-virus ဆော့ဖ်ဝဲတွေနဲ့နှိုင်းစာတဲ့ အခါ Kaspersky ဟာ ဗိုင်းရပ်စ်မဟုတ်တဲ့ ဖိုင်တွေကို ဗိုင်း ရပ်စ်အဖြစ် မှားယွင်းသတ်မှတ်မိတဲ့ နှုန်းအနည်းဆုံးဖြစ်တဲ့အကြောင်း တွေ့ရပါတယ်။ Kaspersky Anti-Virus 2009 အတွင်း content-Sensitive help ဖိုင်ပါဝင်လာတာ ကြောင့် မိမိလက်ရှိအသုံးပြုနေတဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အလွယ် တကူ ရှာဖွေဖတ်ရှုနိုင်မယ့်အပြင် online FAQ နဲ့ Knowledge bage့ ၀က်ဘ်ဆိုက်ကိုသုံးပြီးလည်း ပရိုဂရမ်နဲ့ပတ်သက်တဲ့ ရှင်းလင်း ချက်တွေကို ရှာဖွေဖတ်ရှုနိုင်မှာ ဖြစ် ပါတယ်။ ဒါ့အပြင် ကုမ္ပဏီက ပညာရှင်တွေဆီ e-mail က တစ်ဆင့် ဒါမှမဟုတ် တယ်လီဖုန်းကနေ တစ်ဆင့် အခက်အခဲတွေပြဿနာ ရပ်တွေကို မေးမြန်းနိုင်ကြမှာဖြစ်ပါတယ်။ ခြုံပြီးသုံး သပ်ရရင်တော့ Kaspersky Anti-Virus 2009 ဟာ interface ရှုပ်ထွေးမှုကြောင့် အသုံးပြုရာမှာအဆင်မပြေမှုတချို့ ကြုံခဲ့ရပေမယ့် anti-malicious software engine ကို ပိုမိုတိုးတက် ကောင်းမွန်အောင်ပြုလုပ်ပေးထား ခြင်းနဲ့ tool သစ်တွေ ထပ်မံဖြည့် စွက်ပေးထားခြင်းတို့ကြောင့် မိမိရဲ့ ကွန်ပျူတာကို ပြင်ပက တိုက်ခိုက် မှုတွေကနေအကာ အကွယ်ပြု ထားဖို့အတွက်လိုအပ်တဲ့ ထိပ်တန်း ဆော့ဖ်ဝဲသစ်တစ်ခု အဖြစ်သတ် မှတ်နိုင်မှာဖြစ်ပါတယ်။





Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ