this site the web

257..ခဲခြစ်ပန်းချီ Photoshop နှင့်ပြုလုပ်နည်း

 




ပန်းချီကားလေးလို ဖြစ်အောင် ခဲခြစ်ပန်းချီ စမ်းသပ်ချက်ကလေးပါ…..

ပထမအဆင့်အနေနဲ့ Ctrl+Shift+N တွဲနိုပ်ပြီး layer အသစ်တစ်ခုယူပါ။Name နေရာမှာ Grayလို့ပေးပါ။ Color နေရာမှာ None ထားပါမယ်။ Mode မှာ Overlay နဲ့ Fill with Overlay-netural color (50% gray) Check Box ကို အမှတ်ခြစ်ပါ့မယ်။



ဒုတိယအဆင့်မှာတော့
Gray layer ကို Filter>Noise>Add Noise ပေးပါမယ်။Amount မှာ 30ပေးပါတယ်။ Distribution မှာ Uniform ပေးပါမယ်။Uniform ပေးရတာဟာ Noise တွေကိုပိုပြီး ချောမွေ့စေဖို့ဖြစ်ပါတယ်။ Monochromatic မှာCheck Box ကို အမှတ်ခြစ်ပါမယ်။



တတိယလုပ်ရမှာကတော့
Original Image Layer ကို Image > Adjustment > Hue/saturation (Ctrl + U) ကိုသွားပါ။ Saturation မှာ value ကို -30 ပေးပါ။အခုလိုပေးခြင်းဟာ image ကို Original Color ကနေပန်းချီဆန်တဲ့ Color ကိုကူးပြောင်းချင်လို့ဖြစ်ပါတယ်။



စတုတ္တအဆင့်ပေါ့လေ…
Background Layer ကို Lock ဖြုတ်ပါမယ်။လုပ်ပုံလုပ်နည်းအမျိုးမျိုးရှိပါတယ်။ Original Layerရဲ့Original Layerရဲ့ သော့ဂလောက်ပုံပေါ်မှာAlt+ Double Click နိုပ်ပြီး။ Layer ကို lock ဖြုတ်နိုင်ပါတယ်။ပြီးနောက်Background layer ကို Original Image ဟုပြောင်းပါ။
နောက်တစ်နည်းက Background layer ကို Double Clickနိုပ်ပြီး New layer Dialogue Box ကျလာပါမယ်။ဒါဆိုရင် layer name ကိုလည်း အလွယ်တကူပေးလို့ရပါတယ်။ပထမနည်းက Layer ကို Lock အမြန်ဖြုတ်တဲ့နည်းဖြစ်ပြီး။ဒုတိယနည်းကတော့ Layer name ကိုပါ Change ပြီး lock ဖြုတ်တဲ့နည်းဖြစ်ပါတယ်။



နောက်တစ်ဆင့်...
Original Image layer ကို Duplicate လုပ်ပါမယ်။ Original Image layerကို Select လုပ် Right Click> Duplicate Layerဆိုပြီး layer ကို Duplicate လုပ်ပါ့မယ် Shortcut Key ကတော့
Ctrl + J ဖြစ်ပါတယ်။ပြီးနောက် Duplicate လုပ်ထားတဲ့ layer (Original Image copy) ကိုLayer တွေရဲ့ အပေါ်ဆုံးကိုတင်ပါမယ်။Shortcut က ( Ctrl+ Shift+] )ပါ။ Original Image copy layer ကို Desaturate လုပ်ပါမယ် Image > Adjustment > Desaturate ၊ Shortcut က
( Ctrl+ Shift+ U )ပါ။
Desaturate လုပ်ထားတဲ့ layer ကိုထပ်ပြီးတော့ Copy လုပ်ပါမယ်။ Copy လုပ်ပြီးတဲ့ layer ကို Image> Adjustment>Invert (Ctrl+ I)လုပ်ပါမယ်။



Invert လုပ်ထားတဲ့ (Original Image layer copy 2) Layer ကို Blending Mode မှာ Color Dodge ပြောင်းပေးပါ။



Color Dodge ပြောင်းပြီးသား (Original Image layer copy 2) layer ကို Filter > Blur> Gaussian Blur ၊Radius value ကိုတော့ ကိုယ့်စိတ်ကြိုက်ထားပါ။ ကျွန်မကတော့ 5 pixels ထားပါတယ်။ သင်တို့က ကိုယ်လိုချင်ရာ pixels ထားပြီး ကြည့်ကောင်းသလို လုပ်ကြည့်ပေါ့။ အခုဆိုရင် Image လေးက ခဲခြစ်ပန်ချီလေးနဲ့ တူလာပါပြီ။ ဒါပေမယ့် ဒီထက်ကောင်းတဲ့ ခဲခြစ်ပန်းချီရဖို့နောက်တစ်ဆင့်တက်ရအောင်။



Step6.
နောက်တစ်ဆင့်အနေနဲ့ကတော့ Original Image layer copy 1 layer နှင့် Original Image layer copy 2 ကို ပေါင်းပါမယ်။
Original Image layer copy 2 ကို Selectလုပ်ပြီး Layer>Merge Down (Ctrl + E) လုပ်ပြီး Sketch Layer လို့ နာမည်ပြောင်းလိုက်ပါ။ ပြီးရင်Layer တွေရဲ့အောက်ဆုံးကိုချလိုက်ပါ
Shortcut Key က( Ctrl + Shift+[ )ဖြစ်ပါတယ်။



ပြီးရင် Orginal Image layer ကို Layer တွေအားလုံးရဲ့ အပေါ်ဆုံးကို တင်ပါမယ်။ Shortcut ကတော့
( Ctrl+ shift+] ) ဖြစ်ပါတယ်။ Orginal Image layer ကို Blending mode မှာ Color လို့ ပြောင်းပါ။ ဒီလို လုပ်တာကတော့ Color pencil နဲ့ဆွဲတဲ့ ပုံဖြစ်အောင်လုပ်တာပါ။ ရိုးရိုးခဲခြစ်ပန်းချီပဲလုပ်မယ်ဆိုရင် ဒီအဆင့်မလိုတော့ပါဘူး။



ပုံကိုပဲ လိုချင်ရင်တော့ Original Image layer ကို Select လုပ်ပြီး (Ctrl + Alt+ Shift+ E) ကိုနိုပ်ပြီး Merge လုပ်လိုက်။ ပြီးတော့ အဲဒီအပေါ်ဆုံး Layer (layer 1) ကို Add Vector mask ပေးလိုက်ပါ။ ပြီးတော့ ပန်းချီကားနဲ့တူအောင် မလိုချင်တဲ့ အပိုင်းတွေကို ဖြတ်ပါမယ်။ ဖြတ်တဲ့အခါမှာ အမှားအယွင်း ရှိခဲ့ရင် အလွယ်တကူပြင်လို့ ရအောင်လို့ Vector Mask ကိုသုံးပါမယ်။

Vector mask သုံးပုံသုံးနည်းက အရမ်းရိုးရှင်းပြီးတော့ လွယ်ကူပါတယ်။ အထက်ပါပုံမှာ ပြထားတဲ့ အတိုင်း layer 1 ရဲ့ Red Circle ပြထားတဲ့နေရာကို Click လုပ်ပါ ပြီးရင် ကိုယ် လိုချင်တဲ့ အပိုင်းကို Brush သုံးပြီးဖြတ်ပါမယ်။ Brush ရဲ့ Default Color ဖြစ်တဲ့ Black and White ဖြစ်ဖို့ Keyboard Shortcut (D) key ကိုနှိပ်ပါ။

ပြီးရင် Brush မှာ Soft mechanical 12 pixels ကိုသုံးပြီး မလိုချင်တဲ့ အပိုင်းတွေကို ဖြတ်ပေးပါ။ Final Image မှာ မြင်ရသလိုမျိုး ဖြတ်လိုက်တယ်။ Model ပေါ်မှုတည်ပြီး စိတ်ကြိုက်သာဖြတ်ကြည့်ပေါ့။

Ref:manawphu

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ