this site the web

054..BIOS..( Version Of Your Computer)

 

ကိုယ့် Computer မှာ BIOS Version က ဘာလဲ ဘယ်လိုကြည့်ရလဲ ဆိုတာကို ကြည့်တဲ့ နည်းလေးပါ။ ကိုယ်သုံးနေတဲ့ Computer ရဲ့ Properties လေးတွေကိုတော့ အနည်းနဲ့အများ သိထားသင့်ပါတယ်။ Computer ကို သုံးလို့ရရင် ပြီးရောဆိုတဲ့ စိတ်တွေနဲ့ သုံးနေကြတာ မကောင်းပါဘူး။ တစ်ချို့ကျတော့လဲ ကွန်ပျုတာကို နေ့စဉ်အသုံးပြုနေကြတယ်။ ဒါပေမယ့် အချိန်မရလို့တဲ့ ဘာမှ မလုပ်ဖြစ်ဘူး။ မသိဘူးလို့ ပြောကြတယ်။ " ကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်ကြတဲ့ လူသားအားလုံး တစ်ရက်ကို (၂၄) နာရီပဲ ခံစားခွင့် တန်းတူရကြတာပါ " ။ ရေးစရာရှိတာ မရေးပဲ လေရှည်နေပြန်ပြီ :D ။

BIOS အမျိုးအစားကို မကြည့်ခင် BIOS အကြောင်း အနည်းငယ် ပြောကြည့်ရအောင်။ BIOS ဆိုတာ Basic Input/Output System ကို အတိုကောက် ခေါ်တာပါ။ System BIOS လို့လဲ ခေါ်ကြတယ်။ ဒီလောက်သိထားရင် ရပြီ။ ကျွန်တော်လဲ အဲဒါပဲ သိတယ် :D ။ ဒီထက်ပိုသိချင်ရင်တော့ ဒီမှာ သွားဖတ်ကြည့်လိုက်ပါ။BIOS ကို Computer Power On လိုက်တာနဲ့ Keyboard ကနေ Delete Key ကို နှိပ်လိုက်ရင် ( တစ်ချို့စက်များ ၊ Notebook များ F2 ...) တက်လာပါတယ်။

BIOS အမျိုးအစားကို ကြည့်မယ်ဆိုရင် Window XP ပဲ ဖြစ်ဖြစ် Window Vista ပဲ ဖြစ်ဖြစ် Start -- All Programs -- Accessories -- System Tools ကို သွားပြီး System Information ကို Click ပါ။
*
System Information ကို Click လိုက်တာနဲ့ Window Vista View က System Information ကို ဒီလို မြင်ရပါတယ်။ BIOS Verion ကို တော့ အနီရောင် နဲ့ပြထားပါတယ်။


System Information ကို Click လိုက်တာနဲ့ Window Vista View က System Information ကို ဒီလို မြင်ရပါတယ်။ BIOS Verion ကို တော့ အနီရောင် နဲ့ပြထားပါတယ်...

*
*


ဒီ BiOS Version ကြည့်တာကို နောက်တနည်းအနေနဲ့ Computer ကို Power On လိုက်တာနဲ့ BIOS screen တက်လာတဲ့ အခါမှာလဲ ကြည့်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီ BIOS screen ဟာအချိန်အနည်းသာ ကြာမြင့်တဲ့ အတွက် သေချာကြည့်လို့ မရနိုင်တဲ့ အတွက် အပေါ်ကနည်းကိုပဲ အသုံးပြုတာ ကောင်းပါတယ်။ အခုဆိုရင် ကိုယ့် Computer ရဲ့ BIOS Version တွေကို ကြည့်လို့ ရပြီ ဖြစ်လို့ Motherboard manufacturer’s web site တွေကို သွားပြီး Current BIOS Version တွေကို Download ချနိုင်ပါပြီ။

ဒီပို့စ်မှာ ကျွန်တော်က BiOS Version ကြည့်တာကို အဓိကထားပြောသွားတာပါ။ System Informationကျန်တဲ့ Properties တွေကိုလဲ ကြည့်နိုင်ပါတယ်။ OS Name , Version , OS Manufacture , System Name etc....စ သဖြင့် မိမိ ကွန်ပျုတာ တစ်ခုလုံးရဲ့ Information တွေကို အသေးစိတ်ကြည့်ရှု့နိုင်ပါတယ်။

Ref:manawthar





Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ