this site the web

049.. Offline G-Mail..ဆိုသည်မှာ

 
အင်တာနက်ဂျာနယ်မှာဖတ်လိုက်ရတဲ့ Offline gmail အသုံးပြုပုံလေးပါ မဖတ်ရသေးတဲ့သူငယ်ချင်းတွေအတွက်ပါ

အွန်လိုင်းဝန်ဆောင်မှုကုမ္ပဏီ တစ်ခုဖြစ်သည့် Google မှ Gmail Service အသုံးပြုသူများအတွက် offline gmail ၀န်ဆောင်မှုအသစ် ကို ဇန်န၀ါရီလကုန်ပိုင်းမှာ စတင် ဖြန့်ချိခဲ့ပါတယ်။ Offline gmail ၀န်ဆောင်မှုမှာ ၀င်းဒိုးစနစ်တွင်ပါဝင်သော Microsoft outlook ကဲ့သို့ အင်တာနက်ဆက်သွယ်မှုမရှိသောအချိန်များတွင် အီးမေးလ်ဖတ်ခြင်း၊ အီး မေးလ်ရေးသားခြင်းများကိုလုပ်ကိုင် ဆောင်ရွက်နိုင်ပါတယ်။ ယခင်က gmail ၀န်ဆောင်မှုတွင် မိမိ Account အတွင်း၌ရှိသော ၀င်စာ၊ ထွက်စာ၊ ပူးတွဲဖိုင်အစရှိသည်တို့ကို Google Server မှာသာသိမ်း ဆည်းထားတဲ့အတွက် အင်တာနက် ချိတ်ဆက်မှုရှိမှသာလျှင် gmail ကိုအသုံးပြုပြီး ပြန်လည်ကြည့်ရှု သိရှိနိုင်မှာဖြစ်ပါတယ်။ Offline gmail ၀န်ဆောင်မှု မှာတော့ Email Account တစ်ခု အသုံးပြုထားပါက ၎င်း account နှင့်ပတ်သက်သော e-mail, Attachment အစရှိသည်တို့ကို gmail ရဲ့ဆာဗာမှာသာမကဘဲ ကိုယ့်ရဲ့ကွန်ပျူတာမှာရှိတဲ့ email ဆာဗာမှာလည်းတပြိုင်တည်း Download လုပ်သိမ်းဆည်းပေး သွားမှာဖြစ်ပါတယ်။ gmail သုံးစွဲ သူတစ်ဦးဟာ အင်တာနက်ချိတ် ဆက်အသုံးပြုနေတဲ့ အချိန်မှာသုံး စွဲသူရဲ့ mail ထဲကိုဝင်ရောက် လာတဲ့ဝင်စာ၊ ထွက်စာ၊ ပူးတွဲပါဖိုင် တွေကိုမိမိကွန်ပျူ တာရဲ့ဆာဗာထဲမှာ တပြိုင်တည်းသိမ်းဆည်းထား တဲ့အတွက် အသုံးပြုသူဟာ အင်တာနက်ဆက်သွယ်မှုမရတော့တဲ့အခါမှာ မိမိရဲ့ mail တွေကိုဖတ်ခြင်း၊ ပေးပို့မည့် mail များကိုကြို တင်ရေးသားထားပြီး အင်တာနက်ဆက်သွယ်မှုပြန်ရတဲ့အခါမှာ ချက်ချင်းပေးပို့ခြင်းတွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ offline gmail ၀န်ဆောင်မှုမှာ google ၏ opensource software တစ်ခုဖြစ်တဲ့ google gears ကိုအသုံးပြုကာ google ဆာဗာရှိသုံးစွဲသူ၏ gmail ဆိုင်ရာ အချက်အလက်များကို ကွန်ပျူတာသို့ အလိုအလျောက် download ပြုလုပ်ပေး တဲ့စနစ်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ offline gmail ၀န် ဆောင်မှုနှင့်ပတ်သက်၍ ပညာရှင် တစ်ဦးမှ သုံးသပ်ပြောကြားရာတွင် “offline“ စနစ်နဲ့ mail ဆားဗစ်ကို အသုံးပြုလို့ရတဲ့အတွက် သုံးစွဲသူ တွေအနေနဲ့ အဆင်ပြေပါတယ်။ ဒီ လိုစနစ်မျိုးဟာ တစ်ဦးတစ်ယောက် ခြင်းအသုံးပြုတဲ့ ကွန်ပျူတာမှာပဲ သင့်တော်ပါတယ်။ တစ်ဦးတယောက်ခြင်းအသုံးမပြုတဲ့ ကွန်ပျူတာမှာ Mail Address နဲ့ Password တွေကို မှတ်သားထားတဲ့ key logger လိုဆော့ဖ်ဝဲမျိုး run ထားမယ်ဆိုရင် ကိုယ့်ရဲ့ mail address ဟာလုံခြုံမှုတွေလျော့ပါးသွားနိုင်ပါ တယ်။ ဒါကြောင့် offline gmail စနစ်ဟာ တစ်ဦးတစ်ယောက်အ တွက် အသုံးပြုခြင်းကပိုပြီးသင့် တော်ပါတယ်” ဟု ခန့်မှန်းပြောကြားခဲ့ပါတယ်။ Offline gmail ၀န်ဆောင်မှု ကို အသုံးပြုမည်ဆိုပါက gmail ထဲသို့ sign-in ၀င်ရာမှာဖြစ်ပါ တယ်။ gmail ထဲသို့ sing-in ၀င် ရောက်ပြီးမြောက်သွားပါက setting ကိုရွေးချယ်ရမှာဖြစ်ပါတယ်။ setting အောက်မှ lab ဆိုသည့် tab ကိုရွေးချယ်ရမည်ဖြစ်ပြီး offline ဆိုသည့်ဘေးတွင် Enable ကိုရွေးချယ်ရမှာဖြစ်ပါတယ်။ ထို့နောက် lab စာမျက်နှာအောက် ဆုံးသို့သွား၍ save changes လုပ် ရမှာဖြစ်ပါတယ်။ Save Changes လုပ်ဆောင်ပြီးပါက မိမိ mail စာ မျက်နှာတွင်ရှိသော setting ဘေး ရှိ offline 0.1 ဆိုသည့် link တစ်ခုကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ offline gmail ကိုအသုံးပြုရန်အ တွက်တွေ့မြင်ရသော link မှတဆင့် google gears ကိုလက်ခံအသုံးပြု ၍ “Allow it to use Gears“ ဘေးမှ check box ကိုအမှန်ခြစ် ရမှာဖြစ်ပါတယ်။ ထို့နောက် Allow buttom ကိုကလစ်နှိပ်ရမှာ ဖြစ်ပါတယ်။ offline gmail ကို ကွန်ပျူတာမှာ အလွယ်တကူမြင် တွေ့အသုံးပြုနိုင်ရန် Short Cut Icon ထားလိုတဲ့နေရာကိုရွေးချယ် ရမှာဖြစ်ပါတယ်။ ထို့နောက် ok buttom ကို ကလစ်နှိပ်လိုက်ပါက google server တွင်သိမ်းဆည်းထားသည့် ၃ နှစ်အောက်သက် တမ်းရှိသောမေးလ်နှင့် Attachment File များကို မိမိကွန်ပျူတာ mail server ထဲသို့ download လုပ်သိမ်းဆည်းပေးသွားမှာဖြစ်ပါတယ်။ လက်ရှိတွင် google ၏ offline ဆားဗစ်မှာစမ်းသပ်နေဆဲ (Lab Version) အဆင့်တွင် သာရှိသေးပြီး မကြာမီအပြည့်အ၀အသုံးချနိုင်သည့် Full Version အဆင့်သို့မွမ်းမံပြင်ဆင်သွားမည်ဟု သိရပါတယ်။

(မိုးသံ)

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ