this site the web

041..ဓါတ်ငွေ့များနှင့်ကျန်းမာရေး

 
နေရောင်ခြည် ၊ ရေ၊ အောက်စီဂျင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့စသည်တို့သည် သက်ရှိသတ္တ၀ါ များအတွက် မရှိမဖြစ်လိုအပ်သော အရာများဖြစ်သည်။ နေ၏အလင်းရောင်စွမ်းအင်ကို အသုံးပြုပြီး ကာဗွန်ဒိုင် အောက်ဆိုဒ်နှင့် ရေတို့ဓာတ်ပြုကာ သက်ရှိသတ္တ၀ါများအတွက် လိုအပ်သည့် ကာဗွန်ဟိုက်ဒြိတ်၊ အောက်စီဂျင်တို့ ရရှိအကျိုးပြုသည်။
သို့သော် လက်ရှိအချိန်တွင် လေထုထဲ၌ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ပမာဏ မြင့်တက်လာမှုကြောင့် ကမ္ဘာကြီးပူနွေး မှုများဖြစ်ပေါ်လာသည်။ ရာသီဥတုဖောက်ပြန်လာသည်။ မိုးကြီးသည်းထန် မုန်တိုင်းများတိုက်ခတ် ၊ရေလွှမ်းမိုး၊ မိုးခေါင်ရေရှား၊ သီးနှံများပျက်စီး စသည့် သဘာဝဘေးအန္တရာယ်များနှင့် တွေ့ကြုံလာကြရသည်။ ထို့ကြောင့် ကာဗွန်ဒိုင် အောက်ဆိုဒ်နှင့် လူကိုအန္တာရာယ်ဖြစ်စေသည့် ဓာတ်ငွေ့များမှ ကာကွယ်နိုင်ရန် သစ်တောသစ်ပင်များ စိုက်ပျိုးလာနေကြပြီဖြစ်သည်။
လူတိုင်းအသက်ရှည် ကျန်းမာရေးအတွက် သန့်ရှင်းလတ်ဆတ်သော လေကိုရှူရှိုက်ရန်လိုအပ်သည်။ လူအများစုသည် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်နိုင်သည်ကို သိရှိကြသော်လည်း အဆောက်အအုံနှင့် လေလုံသော အခန်းများအတွင်းမှ အန္တရာယ်ဖြစ်စေသည့် ဓာတ်ငွေ့များ ရှူရှိုက်နေရမှုကိုမှု သတိမပြုမိကြကြောင်း တွေ့ရသည်။
လေလုံသောတိုက်ခန်း၊ နေအိမ်အများစု၏ မိးဖိုချောင်မှထွက်ရှိသော မီးခိုးငွေ့များတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့အပြင် လူကိုအန္တရာယ်ဖြစ်စေသည့် မီသိန်းဓာတ်ငွေ့နှင့် အခြားဓာတ်ငွေ့ များ ပါဝင်နိုင်သည်။ အဆိုပါဓာတ်ငွေ့များကို နေ့စဉ် ရှုရှိုက်နေရသူမိသားစုများအတွက် ဓာတ်ငွေ့အဆိပ်သင့်မှုဖြစ်စေသည်။
ဓာတ်ငွေ့များရှူရှိုက်မိ၍ အဆိပ်သင့်ခံရသူများသည် ကိုယ်ခန္ဒာအတွင်း အောက်စီဂျင်ဓာတ် လျော့နည်းသွားပြီး ခေါင်းမူးခြင်း၊ အိပ်ငိုက်ခြင်း ကယောင်ချောက်ချားဖြစ်ခြင်း၊ သတိလစ်မေ့မြောခြင်းများ ဖြစ်တတ်သည်။ အိပ်ပျော်နေစဉ် ကာဗွန်မိုနော့ဆိုက်အငွေ့ရှူရှိုက်မိပါက အသက်ဆုံးရှုံးသည်အထိ အန္တရာယ် ဖြစ်စေနိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။
နေအိမ်အဆောက်အအုံများအတွင်း ထင်းမီး၊ မီးသွေးနှင့် မီးစက်များမှ ထွက်သော အငွေ့များ သိုလှောင်ထားသော ပိုးသတ်ဆေးနှင့် ဆောက်လုပ်ရေးပစ္စည်းများမှထွက်သော အနံ့သက်များ ဆေးလိပ်ငွေ့ ဖုန်မှုန့် ချက်ပြုတ်ကြော်လှော်ရာမှ ထွက်ရှိသော အနံ့အသက်အမျိုးမျိုးတို့သည် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။
သို့ဖြစ်၍ ပြည်သူအားလုံးတို့က မိမိတို့နေထိုင်လုပ်ကိုင်ရာအဆောက်အအုံ အခန်းများအတွင်း လေထုညစ်ညမ်းမှုကိုဖြစ်စေမည့် အငွေ့အသက်များ ပစ္စည်းများထားရှိသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း လေ၀င်လေထွက်ကောင်းမွန်စေရန်ဆောင်ရွက်ခြင်း လေစုပ်စက်များ တပ်ဆင်ခြင်းတိုဖြင့် လူတိုင်းအသက်ရှည် ကျန်းမာရေး ဂရုပြုနေထိုင်သွာကြရမည်ဖြစ်ပါသည်။




Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ